#38

23K 2.3K 530
                                    

Zawgyi
◽◽◽◽◽◽

*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____

"ဒီနေ့ကျောင်းမှာ အရမ်းဆော့ခဲ့သေးလား သမီး"

*မဆော့ပါဘူး ပါးပါးရဲ့*

"ချုပ်ရိုးကရောနာသေးလား ခိုက်မိတာတွေ ဘာတွေရော ရှိလား"

*မရှိပါဘူး ပါးပါး ပီးတော့ နာလည်းမနာတော့ပါဘူး ပျောက်လည်းပျောက်နေပါပီ စိတ်မပူနဲ့နော်*

"အင်းပါ အင်းပါ"

*ပါးပါး*

"ဟင် ထယ်ဟီးဘာစားချင်လို့လဲ ice cream လား ဆင်းဝယ်ပေးရမလား"

*မဟုတ်ပါဘူး ပါးပါးကိုမေးစရာရှိလို့ပါ ဟီး*

"မေးလေ"

*ဟိုလေ ပါးပါး ဖေဖေ့ကို နဲနဲလေးဖြစ်ဖြစ် ချစ်ပေးလိုက်ပီလားဟင်*

"ဟင် ဘာကိုလဲ သမီးရဲ့"

*ဖေဖေ့ကို ချစ်ပေးလိုက်ပီလားလို့*

"အဲ့ အဲ့တာက"

*ဖေဖေ့ကိုလည်း ချစ်ပေးပါနော် ပါးပါးနော် ဖေဖေက အခုတလော မျက်နှာသိပ်မကောင်းသလိုပဲ အဲ့တာကြောင့် ပါးပါးက ချစ်ပေးလိုက်ပါနော်*

"..."

*ချစ်ပေးမယ်မလားဟင် နော် ပါးပါး နော်*

ကျနော့်ကို ပြောရင်း ငိုမဲ့မဲ့ဖြစ်လာတဲ့ သမီးကြောင့်

"အင်းပေါ့ ထယ်ဟီးကလိုချင်တယ်ဆိုရင် ပါးပါးက လုပ်ပေးမှာပေါ့"

*တကယ်နော် ရေးးး ပျော်လိုက်တာ အဲ့တာဆိုရင် အခုအိမ်ရောက်ရင် ဖေဖေ့ကို အနမ်းပေးလိုက်နော် ဟီး*

"ထယ်ဟီး အဲ့ အဲ့တာကတော့ ..."

*ထယ်ဟီးကိုချစ်ရင် လုပ်ပေးပါနော် ပါးပါးတို့က အမြဲ သမီးကိုပဲနမ်းနေကြပေမယ့် အချင်းချင်းကျ မနမ်းကြဘူး ထယ်ဟီးရဲ့ သူငယ်ချင်းအသစ်ပြောပြတာ သူ့ဖေဖေတို့ဆိုရင် ခနခနနမ်းကြတာတဲ့ အရမ်းလည်းချစ်ကြတာတဲ့ ဖေဖေနဲ့ ပါးပါးကိုလည်း အဲ့လိုချစ်စေချင်တယ်*

ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now