Zawgyi
◽◽◽◽◽◽*( ကိုယ့် story , Fic တွေကို tiktok မှာလုံးဝပြန်မတင်ပါနဲ့ ခွင့်မပြုပါဘူး ဘယ်မှာမှပြန်တင်ခွင့်မပြုပါဘူး ကျေးဇူးပြုပီး ရေးပေးထားတဲ့ ကိုယ့်ကို respect ထားပေးပါ ပြန်မတင်ပါနဲ့ မကူးချပါနဲ့ )*
____×____×____×____'ထိုင်ပါ taehyung shi'
"ဟုတ်ကဲ့ ဒါနဲ့ ဘာကိစ္စရှိလို့ တွေ့ဖို့ ပြောတာလဲ မသိဘူး ဆူယွန်း"
'နှုတ်ဆက်ဖို့လာခဲ့တာပါ မနက်ဖြန်ကျရင် တို့ နိုင်ငံခြားကို ပြန်သွားတော့မယ်'
"ဗျာ"
'ပီးတော့ ဟိုနေ့က taehyung ရဲ့ခွင့်ပြုချက်မရှိပဲ နမ်းခဲ့လို့လဲ တောင်းပန်ပါတယ် အဲ့နေ့က တို့မူးနေခဲ့လို့ပါ ၊ အမှန်တော့ တို့ကရောဂါသည်ဖြစ်တာကြောင့် အဖေက taehyung ဆီမှာ အကူညီတောင်းခဲ့လို့ ဒီအတောတွင်း အလိုက်ထိုက် နေပေးခဲ့တာ သိပါတယ် ၊ taehyunh shi က တို့မွေးလာတည်းက ပထမဆုံးရင်ခုန်ဖူးတဲ့သူပါ ၊ အဲ့တာကြောင့် 5 နှစ်လုံး taehyung ဘေးမှာ သူငယ်ချင်းလိုနေခဲ့တယ် ဒါပေမဲ့ တို့အပေါ်ကို တစ်ခါမှ စိတ်မယိုင်လာခဲ့ဘူးနော်'
"တောင်းပန်ပါတယ်"
'မဟုတ်ပါဘူး ဒါဖြစ်သင့်တာပဲလေ taehyung က Jungkook နဲ့လက်ထပ်ထားတာကို တို့သိပါတယ် taehyung ဖြစ်ခဲ့တဲ့ အကြောင်းစုံကိုရောပေါ့'
"ဗျာ !ဘယ်လို"
'ဟိုနေ့ကမှ စုံစမ်းခဲ့တာပါ ကုန်တိုက်မှာတွေ့လိုက်တဲ့ ကလေးလေးက taehyung နဲ့ အရမ်းကိုတူနေလို့ မဟုတ်မှ ဆိုပီး စုံစမ်းကြည့်ခဲ့တာပါ ၊ အတွင်းရေးတွေ စုံစမ်းခဲ့မိလို့ တောင်းပန်ပါတယ် ပီးတော့ Jung kook shi ကိုလည်း တောင်းပန်ပါတယ်လို့ ပြောပေးပါ တို့က taehyung shi ကိုသူ့ယောကျာ်းမှန်းမသိပဲ တစ်ချိန်လုံး တစ်ဖက်သက်ကြိုက်နေခဲ့မိတာမို့'
"တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး အဲ့တာက ၊ တောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ် ၊မဟုတ်မှ အဲ့တာကြောင့် ထွက်သွားတာလား"
'သိပါတယ် နားလည်းလည်ပါတယ် ၊ တို့ထွက်သွားရတဲ့ အကြောင်းရင်းက အဲ့တာကြောင့်တစ်ခုတည်းတော့ မဟုတ်ပေမယ့် ၊ တစ်စိတ်တစ်ပိုင်းတော့ပါတာပေါ့၊ တို့ရဲ့နှလုံးသားကို ကုစားဖို့ အချိန်လိုတယ်လေ ၊ ပီးတော့လေ တစ်ခုလောက် ပြောပါရစေ အဲ့ကလေးကို ပြစ်မထားပါနဲ့ ၊ တို့လိုဖြစ်သွားမှာ ကြောက်မိတယ် အဲ့ကလေးကိုတွေ့လိုက်ရတာ တို့ငယ်ငယ်ကပုံကို မြင်လိုက်ရသလိုပဲ ၊ တို့ငယ်ငယ်တုန်းကလည်း တို့အမေက တို့ကိုမွေးရင်း ဆုံးသွားတာမို့ ဖေဖေက တို့ကို မုန်းနေခဲ့ဖူးတယ် တစ်ဦတည်းသော တွယ်တာရာအဖေက မုန်းနေတော့ ငယ်သေးတဲ့တို့က စိတ်ဒဏ်ရာတွေ အများကြီးရပီး နည်းနည်းကြီးလာတော့ အကြိမ်ကြိမ် သက်သေဖို့လုပ်ခဲ့တယ် အိပ်ဆေးတွေအကြိမ်ကြိမ် သောက်ခဲ့ပီး သေမလိုခနခနဖြစ်ခဲ့တယ် အဲ့ဒဏ်တွေကြောင့် အခုလိုကုမရတဲ့ နာတာရှည်ရောဂါရခဲ့တယ်'
YOU ARE READING
ɪ ɴᴇᴠᴇʀ ʜᴀᴛᴇ ʏᴏᴜ [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfiction"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖတ်ပါ ။ Top Stan တွေ မဖတ်တာကောင်းပါလိမ့်မည် ။ Just Fiction , Just feel like a fiction ! If you don't...