Unicode
ကျွန်တော်တစ်ကယ်ပဲကြောင်သွားပြီထင်တယ်
အမှန်ဆိုဒီအိမ်ကြီးကနေထွက်သွားသင့်နေပြီမဟုတ်လား
ယောက်ျားလေးဆိုတာကိုသိတဲ့လူတောင်ရှိနေပြီလေ
အကိုကရော ဒါဆိုအကိုကရောသိနေနိုင်လား
ကျွန်တော်အမြန်ဆုံးပြောပြချင်နေပြီ"သိပ်လည်းစိတ်ပူမနေပါနဲ့ ကိုယ်ဘယ်သူ့ကိုမှပြန်မပြောပါဘူး ဒါပေမယ့်အပေးအယူတော့ရှိတယ်"
"ဘာအပေးအယူလဲ"
"Gun ကယောက်ျားလေးဆိုတာကို Off ကိုလုံးဝမပြောရဘူး"
"ဘာလို့လဲ Gun နဲ့အကိုကလက်ထပ်ထားတာလေ တစ်နည်းမဟုတ်တစ်နည်းနဲ့တော့သိမှာပဲ"
"Off ကိုလည်းစိတ်ပူမနေနဲ့ Gun ကိုသူကလက်ဖျားနဲ့တောင်ထိမှာမဟုတ်ဘူး ဒါပေမယ့်ဘယ်သူ့ကိုမှအသိမပေးနဲ့ Off ကိုလည်းပြောဖို့စိတ်ကူးမနေနဲ့ တစ်ကယ်လို့ Off ကိုပြောလိုက်ရင် ကိုယ်ကအဘိုးနဲ့အမေ့ကိုပြောလိုက်မှာ အဲ့လိုသာဖြစ်ရင်မင်းအသက်နဲ့ခန္ဓာမြဲမှာမဟုတ်ဘူး"
သူပြောတဲ့စကားအရှည်ကြီးရဲ့နောက်ကွယ်မှာ ဘာတွေကိုဆိုလိုချင်မှန်းကျွန်တော်သေချာနားမလည်တာအမှန်
ဒါပေမယ့်သူ့ပုံစံကြည့်ရတာတော့ ပြောတဲ့အတိုင်းတစ်ကယ်လုပ်မယ့်ပုံပဲ ပြီးတော့သူ့မျက်လုံးမှာ ဘာမှန်းမသိတဲ့အရိပ်အယောင်တွေတွေ့နေရတယ်
သူဒီလိုလုပ်တာရော အမွေအတွက်ပဲမဟုတ်လား
အော်ပြောလိုက်ချင်တယ် အကိုကဘယ်လောက်အရည်အချင်းရှိတဲ့သူဆိုတာကို
အမွေတွေမရလည်းတစ်ယောက်တည်းကောင်းကောင်းမွန်မွန်ရပ်တည်နိုင်ကြောင်းကို
ဒါပေမယ့်လည်းကျွန်တော့်ကြောင့်နဲ့တော့အကို့ကိုအခက်မတွေ့စေချင်တာအမှန်ပါ"အကိုက Gun ကိုမထိပါဘူးလို့ ဘာလို့ပြောနိုင်ရတာလဲ ပြီးတော့ Gun အကို့ကိုပြောပြဖို့ဆုံးဖြတ်ပြီးပြီ"
"Gun သူ့ကိုချစ်လို့လား အချိန်တန်ရင်ကွာရှင်းလိုက်ရုံပဲလေ အဲ့ဒါဆိုအကုန်ပြီးသွားပြီ ကိုယ်တို့မိသားစုပြဿနာတွေကိုသိလို့ကိုယ်ကလုပ်သင့်တာကိုပြောပြနေတာ Gun သူ့ကိုပြောလိုက်ရင် ဖြစ်လာမယ့်အကျိုးဆက်ကကောင်းမယ်လို့ထင်လား သူကလက်ခံနိုင်ရင်တောင် သူ့အတွက်ရော Gun အတွက်ရော အန္တရာယ်ရှိတယ်ဆိုတာသိလား ပြီးတော့ ညတိုင်း Off နွားနို့တွေသောက်နေသေးတာလား"
YOU ARE READING
FAKE
Fanfiction(Unicode + Zawgyi) အတုအယောင်တွေများတဲ့လောကကြီးထဲမှာ မင်းကကိုယ့်အတွက်တော့တစ်ခုတည်းသောစစ်မှန်ခြင်းလေး အရောင်မှိန်သွားမှာ ပျောက်ကွယ်သွားမှာ စွန်းထင်းသွားမှာ ပွန်းပဲ့သွားမှာ ထိခိုက်သွားမှာစိုးလို့ အလုံခြုံဆုံးကိုယ့်ရင်ခွင်ထဲမှာပဲနေပေးပါ... FAKE writt...