Unicode
"ဒီ့ထက်ပိုပြီးမာနကြီးပြီးမာကျောတဲ့သူလို့ထင်ခဲ့မိတာ
အကိုကအခုလိုအချိန်မျိုးကျတော့တစ်ကယ်ကိုဘာမှမဟုတ်တော့တာပါလား........"ကျွန်တော့်ကိုအဲ့လိုမျိုးတောင်းဆိုလာလိမ့်မယ်လို့တစ်ကယ်မထင်ခဲ့မိဘူး မနက်တည်းကသူပုံမှန်မဟုတ်တာသတိထားမိပါတယ်
သူဘာလို့ဒုက္ခခံတာလဲ
တစ်ခြားသူတစ်ယောက်နဲ့စိတ်ဖြေလိုက်လို့ရတာပဲမဟုတ်ဘူးလား
ဒါပေမယ့်ကျွန်တော်နဲ့တွေ့တဲ့နေ့ထိသူဒုက္ခခံနေတယ်
ဘယ်လောက်တောင်ခက်ခဲခဲ့မလဲ"အရမ်းကိုပင်ပန်းခဲ့မှာပဲနော်......"
ကျွန်တော့်ပုခုံးပေါ်မှာမှီနေတဲ့သူ့မျက်နှာလေးကိုညင်ညင်သာသာကိုင်ထားမိတယ် တစ်ကယ်ကိုငြိမ်ကျသွားပေမယ့်
သူ့နှလုံးခုန်သံကျယ်ကျယ်ကိုကျွန်တော်ကြားနေရတယ်
သူ့တစ်ကိုယ်လုံးပူနေသလို
ဆံပင်လေးတွေအုပ်နေတဲ့သူ့နဖူးစပ်နားလေးမှာချွေးလေးတွေစို့နေတယ် မျက်ခုံးစိမ်းစိမ်းလေးတွေနဲ့ တစ်ကယ်ချောတဲ့လူ"အကိုကကျွန်တော်နဲ့တွေ့ရင်အဆင်ပြေသွားမယ်လို့ထင်ခဲ့တယ်မဟုတ်လား ဒါပေမယ့်အကိုမသိတာရှိသေးတယ်
အဲ့ဒီဆေးကဆန့်ကျင်ဘက်နဲ့ပဲစိတ်ကြွစေတာ
ကျွန်တော်နဲ့အလုပ်ဖြစ်မှာမဟုတ်ဘူး အကို........"အဲ့ဒီဆေးတွေကိုအကို့အမေဘာလို့တိုက်တာလဲဆိုတာကျွန်တော်သိချင်မိတယ် အကြောင်းပြချက်ကကျွန်တော်ထင်နေတာမျိုး ဖြစ်မှာလည်းစိုးရိမ်တယ်
အကိုကယောက်ျားတွေကိုစိတ်ဝင်စားတာမျိုးဖြစ်နေလို့
အဲ့လိုဆေးကိုတိုက်တာမျိုးဖြစ်နေမှာစိုးရိမ်မိတယ်ခုတင်ပေါ်မှာအိပ်မောကျနေတဲ့သူ့ကိုကြည့်ရတာတစ်ကယ်ခံစားချက်ကောင်းလိုက်တာ
အစတည်းကအခုလိုလေးအဝေးကနေပဲကြည့်နေခဲ့ရမှာ
ဖြစ်လာတာတွေကိုဘယ်ကဘယ်လိုစမိသွားလဲကျွန်တော်သေချာမသိဘူး သေချာတာတစ်ခုကတော့
အကို့ကိုချစ်ခဲ့မိလို့ ကျွန်တော်နောင်တမရဖူးဘူး"ကျွန်တော်မှားလား အကို..........."
ဘေးကလိုက်ကာကိုဖယ်လိုက်ပြီး Sofa ကပေါ်ကကြည့်ရင် ပါချန်မြစ်ကိုမြင်ရပါတယ်
အရင်ကပါချန်မြစ်ကိုဒီလိုညပိုင်းတွေမကြည့်ဖူးဘူး
လှလားဆိုတော့ ကျွန်တော့်အတွက်တော့အမြဲလှပါတယ်
မလုပ်ဖူးတဲ့အလုပ်တစ်ခုကိုလုပ်ကြည့်ဖို့က
ပါချန်မြစ်ကိုနေ့နဲ့ညမှာကြည့်သလိုလွယ်ကူမနေဘူးလေ
ကျွန်တော်သူ့ကိုပြောချင်ပါတယ်
ဒါပေမယ့်အခုထိအခြေအနေကမပေးပြန်ဘူးလေ
ဘာတတ်နိုင်မှာလဲ.........
YOU ARE READING
FAKE
Fanfiction(Unicode + Zawgyi) အတုအယောင်တွေများတဲ့လောကကြီးထဲမှာ မင်းကကိုယ့်အတွက်တော့တစ်ခုတည်းသောစစ်မှန်ခြင်းလေး အရောင်မှိန်သွားမှာ ပျောက်ကွယ်သွားမှာ စွန်းထင်းသွားမှာ ပွန်းပဲ့သွားမှာ ထိခိုက်သွားမှာစိုးလို့ အလုံခြုံဆုံးကိုယ့်ရင်ခွင်ထဲမှာပဲနေပေးပါ... FAKE writt...