Unicode
"သတို့သမီးကတစ်ကယ်ပဲလှလိုက်တာ............."
ကျွန်တော့်ကိုပထမဆုံးလှလိုက်တာလို့ပြောတဲ့သူကသတို့သားမဟုတ်ဘဲဒီလူတဲ့လား
မင်္ဂလာဆောင်တော့မယ့်မိန်းကလေးတစ်ယောက်အနေနဲ့ဆိုရင်
သူဒီလိုစိုက်ကြည့်နေတာကသိပ်ကိုရိုင်းစိုင်းတဲ့အမူအရာပဲ"ခန်းမကိုမသွားသေးဘူးလား ဒါမှမဟုတ်
ထွက်ပြေးဖို့တွေဘာတွေကြံစည်နေတာတော့မဟုတ်လောက်ပါဘူးနော်""မဟုတ်ပါဘူး Gun လမ်းပျောက်နေပြီထင်တယ်"
"အာ ဆိုးလိုက်တာနော် သတို့သမီးကိုပစ်ထားရတယ်လို့ ဘယ်လိုသတို့သားမျိုးလဲ"
"အဲ့လိုမပြောပါနဲ့ မကြိုက်ဘူး"
ပြောလိုက်တဲ့စကားထဲမှာဘာရယ်စရာများပါသွားလဲမသိပေမယ့် အဲ့ဒီလူကတော့သဘောကျပြီးရယ်နေတော့တာမုန်းစရာ
"ကိုယ်လိုက်ပို့ပေးမယ်လေ"
"Gun မင်းကဒီမှာဘာလုပ်နေတာလဲ"
နောက်ကထွက်လာတဲ့အကို့ရဲ့အသံကြောင့်ကျွန်တော်အရမ်းကိုပျော်သွားမိတယ် အနည်းဆုံးတော့ပစ်ထားမခံရတော့ဘူးလေ
ဒီလူနဲ့နေရတာလည်းစိတ်ထဲတစ်မျိုးပဲ"တွေ့ရတာဝမ်းသာပါတယ် Off"
"မင်း................."
နှစ်ယောက်စလုံးကအသိတွေလားမသိပေမယ့်
အခုအချိန်မှာတော့အကြည့်တွေကကြောက်စရာကောင်းလွန်းနေတယ် အကို့အကြည့်တွေထဲမှာစိုးရိမ်တဲ့အရိပ်အယောင်တွေပါနေသလို တစ်ဖက်လူရဲ့မျက်နှာထားကလည်းခုဏကလိုမဟုတ်ဘဲတင်းမာသွားတယ်"ကိုယ့်အကိုကိုပြန်တောင်နှုတ်မဆက်တော့ဘူးလား"
"အကို......."
"ဟုတ်တယ်လေ ကိုယ်ကသူ့ရဲ့အကို စတွေ့တည်းကထင်တော့ထင်ပါတယ်ကြိုပြောမထားဘူးဆိုတာ
ဒီလိုကောင်မျိုးနဲ့များလက်ထပ်မယ်တဲ့လား
မင်းသေချာကြိုစဥ်းစားခဲ့သင့်တာပဲ Gun"ဘာမှန်းမသိတဲ့စကားတွေကြောင့်အလိုမကျမှုတွေကရင်ထဲမှာပြည့်နှက်လာတယ် သူကဘာမို့လို့ဝေဖန်နေရတာလဲ
အကိုတဲ့လား အရင်းမဟုတ်လောက်ဘူး
သူကရောကောင်းတာလားဆိုးတာလား တစ်ကယ်ပဲမခွဲခြားတတ်ဘူး
YOU ARE READING
FAKE
Fanfiction(Unicode + Zawgyi) အတုအယောင်တွေများတဲ့လောကကြီးထဲမှာ မင်းကကိုယ့်အတွက်တော့တစ်ခုတည်းသောစစ်မှန်ခြင်းလေး အရောင်မှိန်သွားမှာ ပျောက်ကွယ်သွားမှာ စွန်းထင်းသွားမှာ ပွန်းပဲ့သွားမှာ ထိခိုက်သွားမှာစိုးလို့ အလုံခြုံဆုံးကိုယ့်ရင်ခွင်ထဲမှာပဲနေပေးပါ... FAKE writt...