Part-14💚

478 81 38
                                    

Unicode

ခြေလှမ်းတစ်လှမ်းချင်းစီကိုလေးပင်စွာလျှောက်ရင်းဘယ်အချိန်များတောင်ထိပ်မှာရှိပါတယ်ဆိုတဲ့မပန်းဖြေစခန်းကိုရောက်မှာလဲလို့တွေးနေမိတယ်
တစ်ကယ်ပဲကိုယ့်ခြေထောက်ကိုယ်မသယ်နိုင်လောက်အောင်လူကပင်ပန်းနေပြီ
ခန္ဓာကိုယ်အောက်ပိုင်းအနောက်နေရာဆီက ခြေထောက်က နာကျင်မှုတွေကိုလျစ်လျှူရှုပေမယ့်လည်းဦးနှောက်ထဲထိကိုနာကျင်သလိုလိုရှိနေတယ်
သူများအတွဲတွေရဲ့မင်္ဂလာဦးညကရောအဲ့လိုကြမ်းတမ်းပါ့မလား
ပြီးတော့ကိုယ့်ရဲ့ချစ်သူကမမှတ်မိတဲ့ချစ်တင်းနှောခြင်းမျိုးလား
ချစ်စကြင်စအတွဲလေးတွေထွက်တဲ့ honeymoon ကရော ဒီလိုပဲချွေးသံတလုံးလုံးနဲ့တောင်တက်ကြတာတော့မဟုတ်တန်ရာ

"မြန်မြန်လျှောက်စမ်းပါ နှေးလိုက်တာ မင်းကျန်ခဲ့ရင်စောင့်ခေါ်နေမှာမဟုတ်ဘူးဆိုတာသိထားနော်"

"ခဏလောက်နားလို့မရဘူးလား"

"ဘာ နားမယ်ဟုတ်လား နားလေရတယ်"

နားခိုင်းလို့အားရဝမ်းသာထိုင်မယ်လုပ်တော့သူကဆက်သွားနေတာကြောင့်လူကကြောင်တောင်တောင်ဖြစ်သွားတယ်

"နား.......နားမယ်ဆို"

"မင်းနားမယ်ဆိုနားလေရတယ် ငါကတော့နားမှာမဟုတ်ဘူး"

လာခေါ်တဲ့လမ်းပြတွေကတော့ကျွန်တော့်ကိုသနားသလိုကြည့်နေတယ် ဟုတ်တာပေါ့ ချစ်စကြင်စဇနီးမောင်နှံအဖြစ်မြင်နေကြတာလေ မိန်းကလေးပုံစံနဲ့ကျွန်တော်ကသူတို့အမြင်မှာအကို့မိန်းမပေါ့
ခုမှလက်ထပ်ထားတဲ့သူတွေကအခုလိုဖြစ်နေတာအံ့သြစရာကြီးပေါ့

မနားနဲ့လို့မပြောဘဲခုလိုလုပ်တော့ရောကျွန်တော်နားရဲမယ်ထင်လို့လား ဘေးမှာချထားတဲ့ကျောပိုးအိတ်ကိုကောက်လွယ်ရင်း
သူ့နောက်ကိုမပြေးရုံတမယ်လိုက်ရတော့တယ်
အကိုကခြေတံတွေရှည်သလိုခြေလှမ်းကျယ်တာကြောင့်ကျွန်တော့်ရဲ့သာမန်ခြေလှမ်းနဲ့လိုက်လို့မလွယ်ဘူး

"ကလေးမလေး ရေသောက်ဦးမလား"

လမ်းပြဦးလေးကြီးရဲ့အမေးကိုပြုံးကာခေါင်းညိတ်ပြရင်း ထိုးပေးလာတဲ့ရေဘူးလေးကိုယူကာတစ်ငုံသောက်ပြီးပြန်ပေးလိုက်တယ်

FAKEWhere stories live. Discover now