Unicode
စံပယ်ပန်းဖြူဖြူလေးတွေကိုအရင်ကတော့ကျွန်တော်မကြိုက်တတ်ခဲ့ဘူး အရင်ကဆိုတာထက် သူနဲ့မတွေ့ခင်တုန်းကလို့ပြောရင်ပိုပြီးမှန်မယ်ထင်တယ်
ကျွန်တော့်အဖွားကပြောဖူးတယ်စံပယ်ပန်းလေးတွေရဲ့အဓိပ္ပာယ်က
အချစ်နဲ့တစ်စုံတစ်ယောက်အပေါ်ထားတဲ့စိတ်ခံစားချက်ပါတဲ့။
ကံကောင်းခြင်းနဲ့သန့်စင်ခြင်းကိုလည်းရည်ညွှန်းသေးတယ်
ကျွန်တော်သူနဲ့တွေ့ဆုံမှုကတစ်ကယ်ကံကောင်းခြင်းတွေဖြစ်ခဲ့ပါတယ် စံပယ်ပန်းလေးတွေမေ့ကျန်ခဲ့တာကိုတော့စိတ်ထဲသိပ်မကောင်း
အဓိကဆိုရင်တော့စံပယ်ပန်းတွေကအချစ်နဲ့ပတ်သတ်စပ်နွယ်တယ်လို့လည်းပြောကြတယ်
ကျွန်တော့်အတွက်တော့ဒါကတစ်ရာရာခိုင်နှုန်းလောက်မှန်ပါတယ်
ကျွန်တော့်ရဲ့အချစ်ကိုစပြီးတွေ့တဲ့နေရာမှာပါဝင်ခဲ့တဲ့အစိတ်အပိုင်းလေးတစ်ခုပဲမဟုတ်ဘူးလား
စံပယ်ပန်းလေးတွေကမိုးရေထိပြီးညဘက်တွေမှာပွင့်လေ့ရှိကြတယ်
ပြီးတော့လရောင်အောက်မှာဆိုပိုပြီးဝေဝေဆာဆာပွင့်တတ်ကြတယ်ကျွန်တော်အရင်ကတော့သိပ်မသေချာခဲ့ဘူး
ကျွန်တော်ပန်းကြိုက်လားဆိုတာ
အခုတော့သေချာသွားတယ် ပန်းကိုတော့မဟုတ်ဘူး
သူ့ကိုပါ ကျွန်တော်သူ့ကိုအရမ်းကြိုက်မိသွားတယ် အဲ့ဒါကြောင့် သူနဲ့ပတ်သတ်တဲ့စံပယ်ပန်းဆိုတာလေးကိုသဘောကျတယ်
ဒီခံစားချက်ကနည်းနည်းတော့ထူးဆန်းတယ်
ကျွန်တော့်ကိုယ်ကျွန်တော်စံပယ်နဲ့ခိုင်းနှိုင်းမယ်ဆိုရင်တော့လရောင်အောက်မှာပဲဖူးပွင့်ရမှာပေါ့
ဒီလိုသာဆိုရင်တော့ကျွန်တော့်ရဲ့လရောင်လေးကသူဖြစ်လာမှာအသေအချာပါပဲ
ကျွန်တော်သူ့ကိုတစ်ကယ်သဘောကျတယ်။မနက်ဖြန်ဆိုတနင်္ဂနွေနေ့ကိုရောက်ပြီ
သူအဲ့ဒီကိုရောက်လာမလားဆိုတာလုံးဝမသေချာတဲ့မျှော်လင့်ချက်သပ်သပ်ကြီးပါဆိုင်ကယ်လေးစက်နှိုးပြီးဖြည်းဖြည်းချင်းမောင်းလာရင်း
ကျွန်တော့်ဘုရားကိုရောက်ဖို့စိတ်လောနေမိတယ်
သူရှိနေပါ့မလား ဒါမှမဟုတ်သူရောက်လာမလားဟိုတစ်ခါကပြန်ဖို့တွန့်ဆုတ်မိတဲ့ခြေလှမ်းတွေကအခုတော့အရမ်းကိုသွက်နေပြီသူဟိုတစ်ခါကလာတာတနင်္ဂနွေထောင့်ကိုပဲဦးတည်ပြီးသွားနေမိတယ်
ကျွန်တော်ကတနင်္လာသားပေမယ့်အဖေ့အတွက်ဆုတောင်းပေးဖို့တနင်္ဂနွေထောင့်ကိုသွားခဲ့ရင်းတွေ့တာဆိုတော့
တနင်္ဂနွေထောင့်မှာသွားရှာပေမယ့်မတွေ့တာကြောင့်ဘုရားရင်ပြင်တော်တစ်ပတ်လိုက်ရှာမိပါသေးတယ်
ကျွန်တော်တစ်ကယ်ပဲရူးသွားပြီလားမသိတော့ပါဘူး
YOU ARE READING
FAKE
Fanfic(Unicode + Zawgyi) အတုအယောင်တွေများတဲ့လောကကြီးထဲမှာ မင်းကကိုယ့်အတွက်တော့တစ်ခုတည်းသောစစ်မှန်ခြင်းလေး အရောင်မှိန်သွားမှာ ပျောက်ကွယ်သွားမှာ စွန်းထင်းသွားမှာ ပွန်းပဲ့သွားမှာ ထိခိုက်သွားမှာစိုးလို့ အလုံခြုံဆုံးကိုယ့်ရင်ခွင်ထဲမှာပဲနေပေးပါ... FAKE writt...