Unicode
အကိုကစိတ်ငြိမ်သွားတာလားမသေချာပေမယ့်အိပ်ဆေးအရှိန်ကြောင့်ဟော်တယ်ခန်းထဲရောက်တာနဲ့အိပ်ပျော်သွားတယ်
စိတ်ချရလောက်တဲ့အထိဘေးမှာနေပေးချင်တာကြောင့်အကိုအိပ်နေတဲ့ခုတင်ပေါ်ကိုဘေးတစောင်းလေးဝင်ထိုင်လိုက်ပြီး အကို့လက်ချောင်းသွယ်သွယ်တွေကိုခပ်ဖွဖွဆုပ်ကိုင်လိုက်တော့ ပြန်လည်ဆုပ်ကိုင်လာတဲ့လက်တွေ...နောက်တော့အကို့မျက်နှာဟာကျွန်တော့်ပေါင်တွေနားမှာကပ်တွယ်လာပြန်တယ်
အကိုဟာသေချာကြည့်လေလေယောက်ျားဆန်ဆန်ချောမောလေပဲ
အကို့မျက်နှာချောချောကိုနီယွန်မီးရောင်ဖျော့တော့တော့အောက်မှာတဝကြီးကြည့်ရင်းပါးပြင်လေးကိုလည်းအသာအယာပွတ်သတ်ပေးတော့"အင်းအဲ"အသံလေးတွေထွက်လာသေးတယ်
ပြည့်စုံလွန်းတယ်အကို အိပ်စက်နေတဲ့အချိန်မှာအကိုဟာဘာရှုပ်ထွေးမှုမှမရှိတဲ့လူသား
အမြဲအဲ့လိုဖြစ်စေချင်တယ်လည်ပင်းကိုကြည့်မိတော့အနီစက်သေးသေးလေးတွေ
အကိုက Alcohol တွေအများကြီးသောက်ပြီးတိုင်း အနီစက်လေးတွေထတတ်တယ် ဆေးလိမ်းပေးမယ်တွေးပြီးထမယ်လုပ်တော့တင်းခနဲဖြစ်သွားတဲ့လက်...အကို့ရဲ့ကျန်လက်တစ်ဖက်ကလည်းခါးတွေကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်လာကာ ခပ်ဖွဖွညည်းညူတဲ့အကို့အသံကတိုးပေမယ့်လည်းတိတ်ဆိတ်နေတဲ့အခန်းထဲမှာတော့ကြားဖို့ရာလုံလောက်လွန်းတယ်"မသွားပါနဲ့....ထပ်ပြီးထွက်မသွားပါနဲ့တော့လား
ကိုယ့်မှာမင်းပဲရှိတော့တာ..... အဲ့ဒါကြောင့်ဒီတစ်ခါတော့ထပ်ပြီးထားမသွားပါနဲ့...."ပြတ်သားပြီးရှင်းလင်းလွန်းတယ်
အဲ့ဒါကျွန်တော့်ကိုပြောတာတော့ဟုတ်တယ်မလား
စိတ်ချပါ...အကိုသာလိုအပ်မယ်ဆို ကျွန်တော်အကို့နားကဘယ်တော့မှထွက်သွားမှာမဟုတ်လို့စိတ်ချလို့ရပါတယ် အရင်ကဘာတွေဖြစ်ခဲ့လဲမသိပေမယ့်
ကျွန်တော်တို့နှစ်ယောက်လုံးအတူရင်ဆိုင်ရင်တော့ရုန်းထွက်နိုင်မယ်မဟုတ်လား
အကိုကကျွန်တော့်အပေါ်ပိုပွင့်လင်းပေးပါ
ကျွန်တော်ကလည်းအကို့ကိုပိုပြီးနားလည်အောင်ကြိုးစားမယ်
ဘာမှမလိုဘူးအကို
အကိုရယ် ကျွန်တော်ရယ် အစစ်အမှန်တွေရယ်ပဲပေါ့....
YOU ARE READING
FAKE
Fanfic(Unicode + Zawgyi) အတုအယောင်တွေများတဲ့လောကကြီးထဲမှာ မင်းကကိုယ့်အတွက်တော့တစ်ခုတည်းသောစစ်မှန်ခြင်းလေး အရောင်မှိန်သွားမှာ ပျောက်ကွယ်သွားမှာ စွန်းထင်းသွားမှာ ပွန်းပဲ့သွားမှာ ထိခိုက်သွားမှာစိုးလို့ အလုံခြုံဆုံးကိုယ့်ရင်ခွင်ထဲမှာပဲနေပေးပါ... FAKE writt...