Part-17💚

451 60 22
                                    

Unicode

"Off ကိုငါနဲ့ထည့်ပေးလိုက်ပါ"

"ရှင်ကတော်တော်အသည်းနှလုံးမရှိတဲ့လူပဲ
ရှင့်သားကအိမ်ထောင်ရှိမှန်းမသိလို့ပတ်သတ်မိတာကိုရှင်ကိုယ်တိုင်ငွေနဲ့ပေါက်ပြီးထွက်သွားခိုင်းလို့လုပ်ခဲ့ပြီးပြီလေ
အဲ့ဒါကျွန်မအမှားမကင်းခဲ့လို့
ဒါကိုဘာလဲ ကျွန်မသားကိုပါထပ်လိုချင်တယ်ဆိုတော့
အရာရာကိုငွေနဲ့ပဲပိုင်းဖြတ်လို့ရမယ်ထင်နေလို့လား
အခုထွက်သွား...."

ထိုမိန်းကလေးရဲ့စကားကြားတော့ အရှေ့မှာထိုင်နေတဲ့လူကြီးဟာသက်ပြင်းခပ်ဖွဖွချကာ

"ငါ့သားဇောနဲ့မင်းကိုငွေပေးခဲ့တာဟုတ်တယ်
ဒါပေမယ့်ငါကအရာရာကိုငွေနဲ့ပိုင်းဖြတ်တတ်တဲ့လူမဟုတ်ဘူး"

"ဟုတ်မှလည်းပြောပါလူကြီးမင်းရယ်"

"ငါ Off ကိုမွေးစားတဲ့သဘောပဲတောင်းယူတာပါ
ငါ့သားကလည်းOffကိုသူ့သားအရင်းမှန်းသိမှာမဟုတ်ဘူး
သူကမင်းမှာသူနဲ့ရတဲ့ကိုယ်ဝန်ရှိမှန်းမသိခဲ့ဘူး
အဲ့တော့ Off ကိုငါကပဲမွေးစားမှာ"

"ဘာအတွက်လဲ"

"အမွေစားအမွေခံအဖြစ်"

စကားပြောနေချိန်ထိုလူကြီးရဲ့မျက်လုံးအိမ်တို့ဟာအနည်းငယ်ညှိုးငယ်နေသယောင်

"ငါ့သားနဲ့သူအခုလက်ထပ်ယူထားတဲ့မိန်းကလေးကသားတစ်ယောက်မွေးတယ် နာမည်က Bam တဲ့
ဒါပေမယ့်ငါသိခဲ့ရတာ Bam က ငါ့သားနဲ့ရတဲ့ကလေးမဟုတ်ဘူး
ပြောရရင်တော့ငါရဲ့မြေးအရင်းမဟုတ်ဘူး
အဲ့ဒီမိန်းကလေးကလည်းခပ်ရှုပ်ရှုပ်မှန်းငါတစ်ကယ်မသိခဲ့ဘူး"

"အဲ့ဒီတော့ကျွန်မကဘာလုပ်ပေးရမလဲ ပြောပါဦး"

"မင်းမှာသားအိမ်ကင်ဆာရှိနေတယ်ဆို
တစ်ကယ်လို့သာမင်းမရှိတော့ရင် Off ကတစ်ယောက်တည်းဖြစ်နေမှာနော်
ငါက Off ကိုအမွေစားအမွေခံအဖြစ်မွေးစားမှာ
ဘာလို့ဆို Off ကငါတို့အိမ်တော်ရဲ့သွေးသားအရင်း
ငါ့သားနဲ့ရထားတဲ့မြေးအရင်းဖြစ်နေလို့ပဲ
Bam ကတော့သွေးသားအရင်းမဟုတ်ဘူး အမည်ခံပဲရှိတာ
အဲ့တာကြောင့်မင်းသေချာစဥ်းစားမိန်းကလေး"

You've reached the end of published parts.

⏰ Last updated: Jun 28, 2022 ⏰

Add this story to your Library to get notified about new parts!

FAKEWhere stories live. Discover now