Part-15💚

299 59 31
                                    

Unicode

ရနောင်းဟော်တယ်
အကိုကကျွန်တော့်ကို Gun အဖြစ်နဲ့ ဒီဟော်တယ်အကြောင်းမပြောဖူးသေးဘူး
လူနှစ်ယောက်လိုနေရတာဒီလောက်ခက်ခဲမှန်းကျွန်တော်တစ်ခါမှမတွေးခဲ့ဖူးတာပါ
မိန်းကလေးလိုလေးဟန်ဆောင်ပြီးနေတာဘာခက်မှာလဲလို့တွေးပြီးလာခဲ့တာ
အခုတော့အရာအားလုံးကအရမ်းရှုပ်ထွေးပြီးခက်ခဲလွန်းတယ်

ကျွန်တော်နဲ့အကိုဟော်တယ်ကိုရောက်တဲ့အချိန်မှာနေ့လည်ဖြစ်နေပြီ
နေအတော်လေးပူတဲ့အပြင်ဝတ်ထားတဲ့အဝတ်အစားတွေကြောင့်ချွေးပြိုက်ပြိုက်ကျနေပေမယ့်လည်းကျွန်တော်ပိုပြီးစိတ်ပူနေမိတာ
အကိုရနောင်းကိုလာတာကျွန်တော့်ကိုတွေ့ဖို့ပဲလေ
အဲ့တော့ကျွန်တော်ဘာများလုပ်သင့်လဲ

"သယ်ခဲ့ ငါ့အိတ်တွေပါ"

ခပ်ပြတ်ပြတ်စကားပြီးတာနဲ့ဟော်တယ်ရဲ့ဧည့်ခန်းကျယ်ကြီးထဲကိုဝင်သွားတဲ့သူ
နောက်ကနေအိတ်တွေဆွဲရင်းအမီလိုက်ပြီးသိပ်မကြာလိုက်
အခန်းထဲကို P'Tay ဝင်လာတယ်
ကျွန်တော်တို့ကိုမြင်တော့အံ့သြသွားပုံကြောင့်တစ်ချက်ပြုံးပြရင်းခုံမှာဝင်ထိုင်တော့အကိုကပဲစကားစတယ်

"ငါဒီမှာကြာမှာ Tay သူ့အတွက်လည်းအခန်းစီစဥ်ပေးလိုက်
ငါကတော့တိုက်ခန်းမှာပဲသွားနေတော့မယ်"

"မင်းလဲဒီမှာပဲနေလိုက်ပါ အခန်းလွတ်တွေကအများကြီး"

P'Tay ဝင်ထောက်တဲ့စကားကြောင့် ကျွန်တော်သူ့ကိုတော်တော်လေးကျေးဇူးတင်မိသွားတာပါ
မဟုတ်ရင်အကို့အခြေအနေကိုစောင့်ကြည့်လို့ရမှာမဟုတ်ဘူး
မိန်းကလေးပုံစံနဲ့မို့အပြောမခံရင်တောင်
ကျွန်တော့်ရဲ့ယောက်ျားလေးပုံစံနဲ့တွေ့တဲ့အခါတိုင်းအကိုကနူးညံ့သွားတတ်တာပဲလေ
အဲ့ဒီအချိန်မှာပြောလိုက်ရင်အဆင်ပြေမှာပါ

"အဲ့ဒါဆိုလည်းနေတာပေါ့"

"ဒါနဲ့မင်းတို့ကဘယ်လိုဖြစ်ပြီးတော့ရောက်လာကြတာလဲ"

"ငါကိစ္စလေးရှိလို့ပါ သူ့ကိုသာအရင်အခန်းစီစဥ်ပေးလိုက်ဦး နောက်မှစကားပြောတာပေါ့"

"ok ok လာလေ Gun အခန်းလိုက်ပြပေးမယ်"

အခန်းထဲမှာပစ္စည်းအိတ်တွေထားပြီးတာနဲ့အပြင်ပြန်ထွက်လာလိုက်တော့အကိုရှိမနေတော့ဘူး

FAKEWhere stories live. Discover now