Unicode
"P'Tay ကျွန်တော်ရှင်းပြမယ်..........."
P'Tay က အံ့သြတဲ့အမူအရာနဲ့ စိုက်ကြည့်နေတုန်းပဲ
ကျွန်တော်ရှင်းပြချင်ပေမယ့်ရုတ်တရက်ကြီးပြောစရာစကားပျောက်သွားတယ်
ကျွန်တော့်ဆီမှာရှင်းပြဖို့ဘာစကားလုံးမှမရှိတော့သလိုပဲ
ဘယ်ကစပြီးဘယ်လိုပြောပြရမှာလဲ ဒီပြဿနာရဲ့အစက ဘာလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် ကောင်းကောင်းမသိခဲ့ဘူး"ဘာတွေဖြစ်နေတာလဲ Gun အကိုနားမလည်တော့ဘူး တစ်ကယ်ပဲ Phun ကရော Gun လား"
"P'Tay ကျွန်တော်အခုဘယ်ကဘယ်လိုရှင်းပြရမလဲမသိပေမယ့် ကျေးဇူးပြုပြီး အကို့ကိုမပြောလိုက်ပါနဲ့နော် ကျွန်တော်နောက်မှ အကုန်လုံးကိုရှင်းပြပါ့မယ် ဒါလေးတော့ကူညီပါနော်"
ကျွန်တော်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိမျက်ရည်လည်လာမိတယ် ပျော့ညံ့ပြန်ပြီ အလကားနေရင်းဝဲတက်လာတဲ့မျက်ရည်တွေ အပြင်ကိုထွက်ကျမလာအောင်မျက်နှာကိုမော့ရင်း မျက်လုံးကိုခပ်မြန်မြန်ပိတ်လိုက်ဖွင့်လုပ်နေမိတယ်
ဒါကို P'Tay ကသတိထားမိတယ်ထင်ပါရဲ့"ဟုတ်ပြီလေ Gun ရဲ့အကြောင်းပြချက်ကိုနားထောင်ကြည့်မယ် အဲ့ဒါပြီးမှ Off ကိုပြောသင့်မပြောသင့် ဆက်စဥ်းစားတာပေါ့"
"Ai'Tay ဘယ်လိုလဲ ငါ့ကောင်လေးက ချစ်ဖို့ကောင်းတယ်မဟုတ်လား"
နောက်ကနေသူ့ရဲ့အသံထွက်လာတာနဲ့ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့အကြည့်တွေကအသံပိုင်ရှင်ဆီကိုရောက်သွားတယ်
အကိုကတော့ရယ်ရယ်မောမောပဲပြောပြီးကျွန်တော်တို့နားကိုရောက်လာတယ် ကျွန်တော့်မှာတော့ ဘယ်လိုဖြစ်မလဲဆိုတာကိုပဲစိုးရိမ်နေရတာနဲ့ရယ်ချိန်တောင်မရ"ချစ်ဖို့ကောင်းတာပေါ့ မင်းကအရွေးတော်တာပဲ Off"
"ငါကရွေးတာမဟုတ်ဘူး အရင်တည်းကငါ့နှလုံးသားကရွေးတာ"
ပြောပြီးတာနဲ့ သူကသူ့လက်ရဲ့ရင်ဘက်ကိုပုတ်ပြပြီး ရယ်နေတယ်
ဒီလိုကျတော့သူ့ကိုကြည့်ရတာပေါ့ပါးလိုက်တာ"Phun ကတစ်ယောက်ယောက်နဲ့တူတယ်လို့ မထင်ဘူးလား Off"
ကျွန်တော်မျက်နှာတောင်မဖော်ရဲတော့ဘူး ဒီစကားကြီးက အခြေနေမကောင်းဘူးဆိုတာကိုပြောနေသလိုပဲ
မပြောလိုက်ပါနဲ့လို့ပဲဆုတောင်းနေရတယ်
YOU ARE READING
FAKE
Fanfiction(Unicode + Zawgyi) အတုအယောင်တွေများတဲ့လောကကြီးထဲမှာ မင်းကကိုယ့်အတွက်တော့တစ်ခုတည်းသောစစ်မှန်ခြင်းလေး အရောင်မှိန်သွားမှာ ပျောက်ကွယ်သွားမှာ စွန်းထင်းသွားမှာ ပွန်းပဲ့သွားမှာ ထိခိုက်သွားမှာစိုးလို့ အလုံခြုံဆုံးကိုယ့်ရင်ခွင်ထဲမှာပဲနေပေးပါ... FAKE writt...