Part-7💚

397 82 30
                                    

Unicode

"Gun မင်းဘာရေမွှေးသုံးတာလဲ........."

သူကရေမွှေးနံ့ကိုရှူကြည့်နေတယ်ထင်တယ်ကျွန်တော့်နားကိုပိုတိုးလာတယ်
ကျွန်တော့်ရင်တွေခုန်လွန်းလို့ပေါက်ထွက်တော့မလိုဘဲ

"ဟိုလေ......လွှတ်လို့ရပြီနော်"

ကျွန်တော်လည်းသူနဲ့ကြာကြာကပ်နေလို့မဖြစ်တာကြောင့်ဖယ်ဖို့ပြောလိုက်တော့သူကလည်းချက်ချင်းပဲကျွန်တော့်ခါးကိုကိုင်ထားတဲ့လက်ကိုဖြုတ်လိုက်ပြီး

"အရင်ကမင်းဆီကနေဒီရေမွှေးနံ့မရဖူးပါဘူး"

"အော် အဲ့ဒါက ဒီနေ့အိမ်ပြန်တယ်လေ အဲ့ဒါကြောင့်အရင်ကဝယ်ထားတာကိုသုံးဖြစ်သွားတာ"

"အော်...အဲ့လိုလား နောက်တစ်ခါအဲ့ဒါကိုမသုံးနဲ့"

"ဘာလို့လဲ"

"အဲ့ဒီအနံ့ကယောက်ျားလေးတွေနဲ့ပိုလိုက်တယ်"

"အဲ့ဒါက......"

"ပြီးတော့ ငါအဲ့ဒီအနံ့ကိုတစ်ခြားသူဆီကမရချင်လို့
မင်းကိုစတွေ့တည်းကအမြဲတမ်းလူတစ်ယောက်နဲ့တူတယ်လို့ခံစားနေရတာ မင်းကိုတွေ့တိုင်းသူ့ကိုပိုလွမ်းလာတယ်
အဲ့ဒါကြောင့်ထပ်ပြီးတော့တူတာမျိုးမဖြစ်စေချင်ဘူး
အဲ့ဒီရေမွှေးနံ့ကို သူ့ဆီကရတာကိုပဲကြိုက်တယ်"

"အဲ့ဒီလူကဘယ်သူလဲ"

"Taxi မရဘဲနေတော့မယ် သွားရအောင်"

အိမ်ပြန်ရောက်တော့ဒီညအတွက်သူ့ကိုဘာမှလုပ်ပေးစရာမလိုဘူးနားလိုက်တော့လို့ပြောတာကြောင့်အခန်းထဲကိုပဲဝင်လာလိုက်တယ်
တော်သေးတယ်ပဲပြောရမလားသူကဘာမှသံသယမဝင်လို့
ပြီးတော့သူကအဲ့ဒီရေမွှေးနံ့ကိုကျွန်တော့်ဆီကပဲရချင်တာဆိုပဲ ကျွန်တော့်ရဲ့အစစ်အမှန်ပုံစံကိုသူသဘောကျတာပဲပေါ့
ရှေ့ဆက်ပြီးဘာတွေဖြစ်လာမလဲဆိုတာကတွေးဖို့ခက်ပါတယ်
ရိုးရိုးလေးတွေးမယ်ဆိုရင်တော့ဒီသုံးလကိုသည်းခံလိုက်ပြီးတာနဲ့အလုပ်ထွက်လိုက်မယ်
ပြီးတာနဲ့ပုံမှန်အတိုင်းလေးပဲသူနဲ့ပျော်ပျော်ရွှင်ရွှင်နေမယ်
ဒီလောက်ဆိုအဆင်ပြေနေပါပြီ
ဟန်ဆောင်ရတဲ့ဘဝကတစ်ကယ်မုန်းဖို့ကောင်းပါတယ် ။

FAKEWhere stories live. Discover now