Part-5💚

376 80 13
                                    

Unicode

"ဘာလုပ်နေတာလဲ မြန်မြန် ငါအပြင်သွားစရာရှိတယ်"

သူပြောလိုက်မှသတိပြန်ဝင်လာပြီး လက်ထဲကပလာစတာကိုမြန်မြန်ခွာရင်းသူ့လက်ဖျံနားလောက်မှာသေချာလေးကပ်ပေးလိုက်တယ်
အဲ့ဒီစာလုံးတွေကတော့ကျွန်တော့်မျက်လုံးထဲကလုံးဝမထွက်သေး

"ဒီနေ့သောကြာနေ့နော် မင်းငါ့အခန်းရှင်းဖို့မမေ့နဲ့"

သူကပြောရင်းအနက်ရောင်လက်ရှည်အင်္ကျီကိုဝတ်လိုက်ပြီး ခါးပတ်ပါသေချာပတ်နေတယ်

"ဘယ်သွားမလို့လဲ Gun လိုက်ခဲ့မယ်လေ"

"မလိုပါဘူး ငါကကလေးမှမဟုတ်တာ ပြီးတော့သိပ်ကြာမှာမဟုတ်ဘူး ငါ့အခန်းသာသေချာရှင်းထား မရှင်းတာတော်တော်လေးကြာနေတော့ဖုန်တွေအရမ်းများနေတယ်"

စကားဆုံးတော့ သူလည်းအားလုံးပြင်ဆင်ပြီးသွားတာကြောင့်
သူပြောထားတဲ့ပစ္စည်းသုံးမျိုးကိုမထိနဲ့လို့ပြောရင်းကျွန်တော့်ပုခုံးကိုတစ်ချက်လှမ်းပုတ်လိုက်တယ် ယောက်ျားလေးအချင်းချင်းစကားပြောနေတာကျနေတာပဲ

"မနက်စာမစားတော့ဘူးလား"

"အင်း ငါအချိန်မရတော့လို့ အဲ့ဒါတွေမင်းပဲစားလိုက်တော့ "

ပြောပြီးတော့မှကားသော့ကိုယူပြီးအခန်းထဲကထွက်သွားတယ်
ထွက်သွားတဲ့သူ့ရဲ့ကျောပြင်ကိုငေးကြည့်မိရင်း
တွေးမိတဲ့အတွေးကရူးကြောင်ကြောင်နိုင်မလား
ကျွန်တော်နဲ့သူကတစ်ခုခုများပတ်သတ်ဖူးခဲ့လို့လား
ဘာလို့ကျွန်တော့်ရဲ့နာမည်ကသူ့ရဲ့ကျောပြင်တစ်နေရာမှာသေရာပါအောင်ရေးထိုးထားခြင်းခံရတာလဲ
သူပြောတဲ့သူ့ချစ်သူကကျွန်တော်များဖြစ်နေနိုင်လား

အခုဆိုတိတ်ဆိတ်နေတဲ့အခန်းထဲမှာကျွန်တော်တစ်ယောက်တည်းကျန်ခဲ့ပြီ
ကျွန်တော်တစ်ယောက်တည်းရှိနေရတဲ့တိတ်ဆိတ်တဲ့အချိန်တွေကိုတစ်ကယ်မုန်းပါတယ်
ဘာလို့မှန်းမသိအကို့နားမှာရှိနေရရင်တော့ပျော်နေမိတယ်
ကျွန်တော်ကအချိန်တန်ရင်ထွက်သွားရမယ့်သူပါ အခုအခြေအနေနဲ့ကျွန်တော်အကောင်းဆုံးကြိုးစားနိုင်တာဆိုလို့ အခန်းကိုအကောင်းဆုံးသန့်ရှင်းရေးလုပ်ထားပေးပြီးအကိုပြန်လာတဲ့အခါတော်တယ်ဆိုတဲ့စကားလေးကြားရဖို့ပါပဲ

FAKEWhere stories live. Discover now