Part-11💚

427 73 16
                                    

Unicode

"ဒါ............ဒါတွေက ဘယ်လိုဖြစ်တာလဲ..........."

"ဘယ်လိုဖြစ်လဲဆိုတာမင်းပဲသိမှာပေါ့လူလိုမသိတတ်တဲ့ကောင်ရဲ့"

ခွပ်....................
ခပ်ပြင်းပြင်းထိုးချက်တစ်ခုနဲ့အတူသူနှုတ်ခမ်းထောင့်မှာသွေးတွေစီးကျလာတယ်
နည်းနည်းလေးမှမနာတဲ့ပုံနဲ့သွေးတွေကိုဖိသုတ်လိုက်ရင်းပြန်တည်သွားပေမယ့်လည်း
သူအံကြိတ်ပြီးလက်သီးဆုပ်ထားတာကိုကျွန်တော်မြင်နေရတယ်
ဒီအခြေအနေကိုခေါင်းစဥ်တပ်ဖို့ခဲယဥ်းလိမ့်မယ်
နာကျင်မှုတွေကတော့အပြည့်ပါပဲ
မကြာခင်ပွင့်အန်ကျလာတော့မှာကိုသေချာပေါက်မြင်နေရတယ်

"မင်းနဲ့ Gun တစ်ပတ်အတွင်းလက်ထပ်ရမယ်"

"ဘာ..........."

~~~~~~~~~~~~~~~~~~~~~~~~~~~~~
အွတ်ခနဲထွက်ပေါ်လာတဲ့အသံရဲ့နောက်ကွယ်မှာတော့
ကျွန်တော့်ကျောပြင်နောက်မှာအေးစက်စက်နံရံပဲရှိတော့တယ်
နာကျင်မှုကအတိုင်းထက်အလွန်ပါပဲ
ကျောရိုးတွေတောင်ကျိုးသွားပြီလို့ထင်ရလောက်တယ်

လဲကျသွားပေမယ့်လည်းအောက်ပိုင်းတစ်နေရာကနာကျင်မှုတွေအပြင်နံရံနဲ့ဆောင့်မိတာကြောင့်ထပ်တိုးလာတဲ့နာကျင်မှုတွေကြောင့်ပြန်ထဖို့ပင်အားမရှိ

"အဲ့ဒါတွေကဘာလဲ Gun ငါ့ကိုပြောစမ်း"

အခန်းကျယ်ကြီးနဲ့မှာဟိန်းခနဲထွက်လာတဲ့သူ့အသံမှာဒေါသအပြည့်
အခန်းထောင့်နံရံမှာခွေခွေလေးလဲနေတဲ့သူဆီကိုမကြာခင်ပဲဒေါသတွေအကုန်ပုံချတော့မယ့်ပုံစံမျိုး

"ငါမေးနေတယ်လေ ဖြေစမ်း Gun ငါသေချာသိဖို့လိုတယ် အဲ့ဒါတွေကအမှန်ပဲလား ညကဘာတွေဖြစ်ခဲ့လဲ ဖြေစမ်းလို့"

သူကျွန်တော့်ပုခုံးကိုဆွဲလှုပ်ပြီးခပ်ကြမ်းကြမ်းမေးလာတော့ကျွန်တော့်မျက်လုံးအိမ်ထဲမှာမျက်ရည်တွေပြည့်နှက်လာတယ်
စီးကျမလာဖို့ကြိုးစားပေမယ့်မျက်လုံးတွေကစကားနားမထောင်တတ်ဘူးထင်ပါရဲ့

"တောက်........ငါကွာ......"

တောက်တစ်ချက်ခေါက်လိုက်ပြီးဘေးကနံရံကိုပစ်ထိုးလိုက်တာကြောင့်ငြိမ်နေတဲ့သူတောင်အတော်လေးလန့်သွားရတယ်

FAKEWhere stories live. Discover now