Unicode
တနင်္ဂနွေဆိုသောအသိကြောင့်စောစောစီးစီးအိပ်ရာကနိုးဖြစ်တယ်
ညဥ့်နက်မှအိပ်မိလို့ထင်ပါရဲ့ အိပ်ရေးကသိပ်မဝချင်
မျက်နှာသစ်ပြီးတာတောင်လူကလန်းဆန်းပေါ့ပါးခြင်းမရှိ
ဒီနေ့တနင်္ဂနွေဆိုတော့သူလာမှာလား
အတွေးနဲ့တောင်ဝမ်းနည်းသလိုလိုခံစားမိလာတယ်
ပြတ်ပြတ်သားသားဖြစ်အောင်ထပ်မသွားတော့ဘူးလို့ဆုံးဖြတ်ထားတဲ့စိတ်တွေကယိမ်းယိုင်ချင်သလိုဖြစ်လာပြန်တယ်
သံယောဇဥ်......ဟင့်အင်း
လူတစ်ယောက်ကိုနှစ်ခါပဲတွေ့ဖူးရုံလောက်နဲ့သံယောဇဥ်ဆိုတဲ့ခေါင်းစဥ်တပ်ဖို့စောလွန်းတယ်
ဒီစကားလုံးကိုသုံးဖို့အတွက်မခိုင်လုံဘူးထင်တယ်"Gun ရေအမေ့ကိုစျေးလိုက်ပို့စမ်း"
"တနင်္ဂနွေဆိုစျေးပိတ်တယ်လေ"
"အင်းပါ ပို့မှာသာပို့စမ်းပါ"
ဘာပဲဖြစ်ဖြစ်အလုပ်တစ်ခုခုလုပ်နေရင်တောင်ပေါ်ဘုရားကိုသွားချင်စိတ်များသက်သာသွားမှာပဲလို့တွေးရင်းအမေ့ကိုစျေးလိုက်ပို့ဖို့ပဲပြင်လိုက်တော့တယ်
အိမ်မှာတော့အမေ့ရဲ့ Driver ကကျွန်တော်ပါပဲ
အလုပ်သမားတွေဆိုလည်းစိတ်ချစရာမကောင်းတာကြောင့်အမြဲစျေးပို့စျေးကြိုကျွန်တော်ကပဲလုပ်ပေးဖြစ်တယ်"Gun ဖြည်းဖြည်းမောင်းစမ်း"
လမ်းထဲမှထွက်ပြီးကော့သောင်း Motel ရှေ့ကိုရောက်တာနဲ့ အမေပြောနေကျစကားပါပဲ
အမြဲဖြည်းဖြည်းမောင်းဖို့မပြတ်သတိပေးတတ်တယ်"ဒီလမ်းတွေကသွားနေကျပါ စိတ်မပူပါနဲ့"
အမေ့ကိုပြောပြီးလမ်းကိုအာရုံပြန်စိုက်လိုက်ချိန်မှာ
ကော်ဖီဆိုင်လေးရဲ့ရှေ့ကအဖြတ်ဆိုင်ထဲကိုဘာရယ်မဟုတ်လှမ်းကြည့်လိုက်မိတော့ ကျွန်တော်အံ့သြသွားမိတယ်
မဖြစ်နိုင်တာ....သူမဟုတ်လောက်ပါဘူးဆိုတဲ့အတွေးနဲ့ချက်ချင်းမေ့ဖျောက်ဖို့လုပ်ပေမယ့်သိချင်စိတ်ကပိုပြင်းပြလာပြန်တယ်
ဘာပဲဖြစ်ဖြစ်ဒါကပြီးသွားပြီ သူကကျွန်တော်နဲ့ခဏတာတွေ့ဆုံတဲ့သူပဲ
အချိန်တန်ရင်အားလုံးပြီးသွားမှာ
YOU ARE READING
FAKE
Fanfiction(Unicode + Zawgyi) အတုအယောင်တွေများတဲ့လောကကြီးထဲမှာ မင်းကကိုယ့်အတွက်တော့တစ်ခုတည်းသောစစ်မှန်ခြင်းလေး အရောင်မှိန်သွားမှာ ပျောက်ကွယ်သွားမှာ စွန်းထင်းသွားမှာ ပွန်းပဲ့သွားမှာ ထိခိုက်သွားမှာစိုးလို့ အလုံခြုံဆုံးကိုယ့်ရင်ခွင်ထဲမှာပဲနေပေးပါ... FAKE writt...