Part-6💚

394 81 24
                                    

Unicode

သူကျွန်တော့်ကိုတင်းတင်းကြပ်ကြပ်ဖက်ထားတာပဲ
ဖြတ်တိုက်နေတဲ့တောင်ပေါ်လေခပ်ကြမ်းကြမ်းတွေကတောင်ကျွန်တော်တို့ကြားကိုတိုးလို့ပေါက်မယ်မထင်တော့ဘူး
အရမ်းနီးကပ်လွန်းလို့ကျွန်တော့်ရင်ခုန်သံကိုသူကြားသွားမှာစိုးရိမ်နေမိတယ်
ဒီအခိုက်အတန့်လေးကဘာလို့ဒီလောက်တောင်နွေးထွေးနေရတာလဲ
သူစိမ်းဆန်မနေတဲ့ခံစားချက်မျိုး...ပြီးတော့ရင်းနှီးနေတယ်
သူ့ရင်ခွင်ကနွေးထွေးတယ်
ကျွန်တော့်ခန္ဓာကိုယ်ကိုဆုတ်ကိုင်ထားတဲ့သူ့လက်တွေကကြင်နာမှုအပြည့် ကျွန်တော်မိန်းကလေးတစ်ယောက်အနေနဲ့တွေ့ခဲ့ရတဲ့သူမဟုတ်တော့သလိုမျိုးကိုပြောင်းလဲသွားတာပါ...

အချိန်တော်တော်ကြာမှသူကျွန်တော့်ကိုလွှတ်ပေးတယ်
သူကျွန်တော့်ကိုစိုက်ကြည့်နေတာကိုခံစားမိနေတာတောင်ကျွန်တော်သူ့ကိုမော့မကြည့်ရဲခဲ့ဘူး
ဒါပေမယ့်သူကတော့ကျွန်တော့်ကိုအချိန်ကြာကြာမျက်နှာလွှဲခွင့်မပေးခဲ့ပါဘူး
ကျွန်တော့်မေ့စေ့ကနေကိုင်ပြီးကျွန်တော့်မျက်နှာကိုညင်ညင်သာသာဆွဲမော့ခြင်းခံလိုက်ရတယ်
သူကကျွန်တော့်ကိုစိုက်ကြည့်ပြီးခပ်သဲ့သဲ့ပြုံးနေတာ
ကျွန်တော်နည်းနည်းအံ့သြသွားမိတယ်
သူဘာလို့ပြုံးနေပါလိမ့်...ပြီးတော့တစ်ခုခုကိုကျေနပ်နေတဲ့ပုံမျိုး
ပြောလို့သာပြောတာသူကပြုံးနေချိန်ဆိုသိပ်ချောတာပဲ
သူ့လက်တွေကကျွန်တော့်ပုခုံးနှစ်ဖက်ကိုခပ်ဖွဖွဆုပ်ကိုင်ထားပါတယ်
သူမျက်နှာကကျွန်တော့်မျက်နှာနားကိုတိုးလာတာကြောင့်ရုတ်တရက်ဆိုတော့ရှောင်လိုက်မိချိန်သူ့ဆီကခပ်ဖွဖွရယ်သံလေးထွက်လာပြန်တယ် ပြီးတော့ညင်သာတဲ့အသံမျိုးနဲ့

"ထိုင်ရအောင်လေ" တဲ့...။

ကျွန်တော်လည်းခေါင်းပဲညိတ်ပြရင်းနှစ်ယောက်သားအတူထိုင်ဖြစ်တယ် ဘာရယ်မဟုတ်အချိန်တော်တော်ကြာတဲ့အထိ ဘာစကားမှမပြောဖြစ်တာကြောင့်မျက်စိထဲဝင်လာသမျှမြင်ကွင်းတွေကိုလိုက်ငေးနေလိုက်မိတယ်
တောင်ပေါ်ဘုရားရဲ့ဒီခုံလေးမှာထိုင်ပြီးကြည့်ရင်မြင်ရတဲ့မြင်ကွင်းတွေကနှစ်တွေဘယ်လောက်ပြောင်းပြောင်းတစ်ကယ်လှနေဆဲပါ
ကျွန်တော်ဒီကိုပထမဆုံးအကြိမ်လာခဲ့တုန်းကလိုပါပဲ
ပါချန်(Kra Buri) မြစ်ရိုးတစ်လျှောက် ဖြတ်သွားဖြတ်လာလုပ်နေတဲ့စက်လှေလေးတွေအပါအဝင် တစ်ဖက်ကမ်းကရနောင်းမြို့ကိုပါမှိုင်းပြပြလေးမြင်ရပါတယ်

FAKEWhere stories live. Discover now