Part-8💚

400 77 22
                                    

Unicode

ခုတင်ပေါ်မှာလှဲနေရင်းကျွန်တော့်မျက်လုံးထဲကမျက်ရည်တွေကဘေးတစ်ဖက်တစ်ချက်ဆီကိုအတားအဆီးမရှိစီးကျနေတယ်
အကြောင်းအရင်းကတော့ကျွန်တော့်မှာဘာကိုမှတားပိုင်ခွင့်မရှိလို့ပါ
ကျွန်တော်လုံးဝထင်မထားတဲ့ဖြစ်ရပ်တွေကခဏလေးအတွင်းမှာဖြစ်ပျက်သွားခဲ့တယ်

အကို့ရဲ့အမေကိုယ်တိုင်ကအဲ့လောက်ဆိုးတာကိုလုပ်တာလား
ကျွန်တော်တားဖို့ကြိုးစားနေချိန်မှာအန်တီရောက်လာခဲ့တယ်
ပြီးတော့အဲ့ဒီနွားနို့ကိုသွားပို့ပေးပြီးချက်ချင်းပြန်လာခဲ့ဖို့အမိန့်ပေးသလိုပြောတယ် ။ကျွန်တော်ကိုယ်တိုင်တောင်နားမလည်လိုက်ပါဘဲအဲ့ဒီဆိုးဝါးတဲ့ဆေးတွေနဲ့နွားနို့ကိုသူသောက်ဖို့သွားပို့ခဲ့ရတယ်
ကျွန်တော်ကအခုဆိုအရမ်းဆိုးတဲ့သူဖြစ်နေပါပြီ
ဘာလို့ကိုယ့်ရဲ့သားကိုဒီလောက်ဆိုးဝါးတဲ့ဆေးတွေတိုက်ရတာလဲ
Amphetamineရဲ့ဆိုးကျိုးတွေကအရမ်းကိုများတာလေ

ကျွန်တော်ပြန်ရောက်တဲ့အချိန်မှာအန်တီကဖြစ်ခဲ့တာတွေမြင်ခဲ့တာတွေအကုန်လုံးကိုမေ့လိုက်ဆိုပြီးပြောတယ်
ကျွန်တော်ဘာမှပြန်မေးပိုင်ခွင့်မရလိုက်ပါဘူး
အားလုံးပြီးသွားတယ်..ပြီးတော့ကျွန်တော်ခုလိုငိုနေရတယ်
ခဏလေးပါပဲ...ကျွန်တော်ကတစ်ကယ်ကိုအသုံးမကျတဲ့သူပါ။

အပြင်မှာမိုးတွေကအညှိုးနဲ့ရွာချနေတယ်လို့ထင်ရလောက်အောင်အရမ်းကိုသည်းနေပါတယ်
သိပ်မကျယ်တဲ့အခန်းလေးရဲ့ခုတင်ပေါ်မှာနေရင်းခန္ဓာကိုယ်ကိုစောင်မခြုံဘဲကွေးနိုင်သမျှကွေးထားလိုက်တယ်
မျက်ရည်တွေကတော့အဆက်မပြတ်ကျနေဆဲ
အခုတစ်အိမ်လုံးကိုဖုံးလွှမ်းနေတဲ့အသံကသည်းသည်းမည်းမည်းရွာနေတဲ့မိုးသံတစ်ခုတည်းမဟုတ်ဘူး
စန္ဒရားသံ....အဆက်မပြတ်ထွက်ပေါ်နေတဲ့ကြက်သီးထစရာကောင်းလောက်အောင်ပြင်းထန်တဲ့သံစဥ်တစ်ခုပါ
ညဥ့်နက်လာပြီးနာရီပေါင်းများစွာကြာတဲ့အထိအဲ့ဒီသံစဥ်ကထပ်ကာထပ်ကာထွက်ပေါ်နေဆဲ......
တစ်ချက်တစ်ချက်နူးညံ့သယောင်ထင်ရလောက်အောင်သံစဥ်ကချိုသာသွားတတ်ပြီး
တစ်ခါတစ်ခါတော့နာကျင်မှုတွေပြည့်နှက်နေတဲ့သံစဥ်ခပ်ကြမ်းကြမ်းတွေကအနိမ့်အမြင့်နဲ့ထွက်ပေါ်နေတာပါ
နားထောင်ရင်းကြက်သီးထလောက်အောင်ပြင်းထန်နေတယ်
မိုးနဲ့အပြိုင်ပိုပြီးပြင်းထန်လာတယ်လို့တောင်ထင်ရလောက်တယ်
မှောင်နေတဲ့အခန်းကျဥ်းလေးထဲမှာတော့
သည်းသည်းမည်းမည်းရွာချနေတဲ့မိုးသံရယ်
မိုးသံနဲ့အပြိုင်တစ်အိမ်လုံးကိုဖုံးလွှမ်းနေတဲ့စန္ဒရားသံရယ်
ခုတင်ပေါ်မှာကွေးကွေးလေးနဲ့တရှုံ့ရှုံ့ငိုနေတဲ့ကောင်လေးရယ်
အမှောင်ထုရယ်နဲ့ပြည့်နှက်နေတယ်..........။

FAKEWhere stories live. Discover now