အပိုင်း(၁)

22.2K 753 51
                                    

Unicode

ဘတ်(စ်)ကားပေါ် တက်လိုက်သည်နှင့် ကားပေါ်ရှိလူများအကြည့်က သူ့ဆီသို့ ရောက်လာသည်။ ခပ်ချောချော ရုပ်ရည်ကြောင့် တခဏတာ ငေးမောစေသည့် ဆွဲဆောင်မှုအား သူ ပိုင်ဆိုင်ထား၏။

အကုန်လုံးအား ပြုံးပြလိုက်ပြီး ​ကျောင်းသူလေးတစ်ယောက်ဘေး လွတ်နေသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဘေးရှိ ကလေးမက သူ့အားလှည့်ကြည့်လာတော့ သူပြုံးပြ၍ နှုတ်ဆက်လိုက်သည်။

ကလေးမက သူ့အား ပြန်ပြုံးမပြဘဲ တခဏငေးမောသွားပြီးနောက် ရှက်ရွံ့သောအမူအရာဖြင့် ကားပြတင်းပေါက်ဖက်သို့ မျက်နှာလှည့်သွားလေသည်။ ခွန်ရှန်း ပြုံးလျက်ပင် ခေါင်းရမ်းလိုက်မိသည်။

မှတ်တိုင်တစ်ခုတွင် တခါရပ်နားသော သူစီးလာသည့် ဘတ်စ်ကားသည် ဆင်းသူမရှိဘဲ တက်သူသာပိုများလာသောကြောင့် ထိုင်စရာခုံမရှိတော့ပေ။

ကားခဏရပ်လိုက်စဥ် ကားပေါ်သို့ အသက်ကြီးကြီး အဘိုးတစ်ယောက်တက်လာသည်။ ထိုင်စရာခုံ ရှာမတွေ့တော့သော အဘိုးအိုက သူ့ဘေးတွင် မတ်တပ်လာရပ်၏။

ခွန်ရှန်း ထိုင်ခုံမှ ချက်ချင်းထရပ်လိုက်သည်။

"ဘိုးဘိုး ကျွန်တော့်ထိုင်ခုံမှာ ထိုင်လိုက်နော်"

အဘိုးအိုလက်အား ထိန်းကိုင်ပေးကာ သူ၏ ထိုင်ခုံတွင် ဝင်ထိုင်စေလိုက်သည်။

"သာဓု သာဓု သာဓုပါ သားရယ်"

အဘိုးအား ခွန်ရှန်း ပြုံးပြလိုက်ပြီး လက်ကိုင်တန်းအား သေချာကိုင်၍ ဘတ်စ်ကားပေါ် မတ်တပ်ရပ်လိုက်ပါလိုက်သည်။

ဆင်းရမည့်မှတ်တိုင်တွင် ဆင်းလိုက်ပြီးနောက် မလှမ်းမကမ်းရှိ ဆေးရုံအား လှမ်းကြည့်လိုက်၏။

သူ၏ တနေ့တာ ကုန်ဆုံးရာနေရာလေး။ တက်ကြွသော ခြေလှမ်းများဖြင့် လှမ်းကာ ဆေးရုံဆီသို့ ဦးတည်သွားလိုက်သည်။

ဆေးရုံထဲ ဝင်လိုက်သည်နှင့် အဝတ်လဲခန်းဆီသို့ သွားကာ ဂျူတီကုတ်အား လဲလှယ်ဝတ်ဆင်လိုက်သည်။ ဘောပင်တစ်ချောင်းအား အိတ်ထောင်တွင် ချိတ်လိုက်ပြီးနောက် အဝတ်စားလဲခန်းမှ ထွက်လာလိုက်၏။

Alien's adorable doctorWhere stories live. Discover now