အပိုင်း(၃)

3.7K 351 17
                                    

Unicode

လုံခြုံရေး ဗလကြီးလေးယောက်၏ ဆွဲခေါ်မှုကြောင့် ခွန်ရှန်းနှင့် စိုင်းဝဏ္ဏ ယက်ကန်ယက်ကန်ဖြင့် ကုမ္ပဏီအပြင်သို့နှင်ထုတ်ခံလိုက်ရသည်။

ထိုဗလလူကြီးများက ကုမ္ပဏီတံခါးရှေ့တွင် ပိတ်ရပ်ကာ သူတို့နှစ်ယောက်အား အထဲဝင်ခွင့်မပြုတော့။ သူတို့အစီစဥ် အောင်မြင်ခါနီးမှ ကျရှုံးသွားခဲ့ကြသည်။

ဝဏ္ဏ သူ့အမှားသူသိကာ ခွန်ရှန်းနားသို့ မျက်နှာငယ်လေးဖြင့်သွားကာ တောင်းပန်လိုက်သည်။

"ခွန်ရှန်း ငါတောင်းပန်ပါတယ်"

ခွန်ရှန်း မြေပြင်မှ ကုန်းထကာ အင်္ကျီတွင် ကပ်နေသော ဖုန်များအား လက်ဖြင့် ခါထုတ်လိုက်၏။ ထို့နောက် စိုင်းဝဏ္ဏဖက်လှည့်ကာ ပြုံး၍ပြောလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး...ငါတို့ တွေ့ဖို့ အကြောင်းမဖန်သေးလို့နေမှာ...မင်းအပြစ်မဟုတ်ပါဘူး"

ခွန်ရှန်း သူ့အား အပြစ်မတင်မှန်း စိုင်းဝဏ္ဏသိသည်။ ခွန်ရှန်းသည် ဘယ်သောအခါမှ တခြားသူအား အပြစ်တင်မည့်လူမျိုး မဟုတ်ပေ။ အပြစ်တင်မခံရသောကြောင့် စိုင်းဝဏ္ဏစိတ်ထဲ အပြစ်မကင်းသလို ပိုခံစားလာရသည်။

"🎼🎼Why oh why tell me why not me .Why oh why we were meant to be.
Baby I know I could be all you need .Why oh why oh why 🎼🎼"

ခွန်ရှန်းဖုန်းမှ ringtoneသံ ထွက်ပေါ်လာသောကြောင့် စိုင်းဝဏ္ဏ ခွန်ရှန်းဆီသို့ ကြည့်လိုက်သည်။

ခွန်ရှန်းသည် သူ၏ဖုန်းအား ထုတ်ကာ အေးဆေးတည်ငြိမ်စွာ ဖုန်းကိုင်လိုက်၏။

"ဟယ်လို"

စပီကာချဲ့ထားသောကြောင့် ဖုန်းထဲမှ သုရာ၏ အလောတကြီးအသံထွက်ပေါ်လာသည်။

"အင်း သုရာ"

"မင်း ဂျူတီချိန်ရောက်တော့မယ် ခွန်ရှန်း...ပြန်ခဲ့တော့"

"အင်း ငါအခု ပြန်ခဲ့မယ်"

သုရာဖက်မှ တခဏလောက် ဘာမှ ပြန်မပြောလာချေ။ ထို့နောက်မှ စကားပြန်ဆက်လာ၏။

"မင်း အဆင်မပြေဘူးလား"

ထွက်ပေါ်လာသော သုရာအသံကြောင့် စိုင်းဝဏ္ဏသက်ပြင်းချမိသည်။ခွန်ရှန်းအား နားအလည်နိုင်ဆုံးသူသည် သုရာဟု သူ ထင်မိသည်။ သူပင် သုရာလောက် ခွန်ရှန်းအပေါ် နားမလည်ချေ။

Alien's adorable doctorWhere stories live. Discover now