အပိုင်း(၁၈)

4.5K 233 68
                                    

Unicode

အပိုင်း(၁၈)

စေတန်နက်ရှိုင်း mask အား မျက်နှာလုံအောင် သေချာဂရုစိုက် တပ်လိုက်၏။ ထို့နောက် လူများစည်ကားနေသော ကစားကွင်းအား မယုံကြည်နိုင်ဖွယ် ပြန်ကြည့်လိုက်မိသည်။

"ခွန်တာ ကလေးလည်း မဟုတ်ဘဲ...ဘာလို့ ဒီနေရာ လာချင်ရတာလဲ"

ခွန်ရှန်းက ပြုံးလျက်ပြန်ပြောလာ၏။

"လူကြီးတွေလည်း လာဆော့လို့ရပါတယ်"

လူစည်ကားသော နေရာများသွားရခြင်းကို မကြိုက်သည့် ဦးစေတန်နက်ရှိုင်း ထပ်၍ ခေါင်းခါရမ်းလိုက်မိသည်။

သို့သော် ခွန်တာက သူ၏လက်အား ဆွဲကိုင်လာ၏။

"မြင်းသွားစီးရအောင် ဦး"

"အဟမ်း"

ဦးစေတန်နက်ရှိုင်းမျက်နှာ အနည်းငယ် ပြောင်းလဲသွားသောကြောင့် ခွန်ရှန်း ရုတ်တရက် ကြောင်အသွားမိသည်။

သတိထားမိသည်နှင့် သူ၏မျက်နှာအနည်းငယ်ရဲတက်လာ၏။

"ဟို...ဟိုနားက အရုပ်မြင်းတွေကို ပြောတာ"

"အင်း သွားမယ်လေ"

ဦးပုံစံက တမင်သက်သက် ရုပ်တည်ထားပုံ ပေါက်သောကြောင့် ခွန်ရှန်းလည်း ချက်ချင်း မသိချင်ယောင်ဆောင်လိုက်သည်။

ဦးဆီ လုံးဝမကြည့်တော့ဘဲ လက်ဆွဲကာ အရုပ်မြင်းများ ပတ်လည်လှည့်နေသော နေရာဆီသို့ ဆွဲခေါ်လာခဲ့၏။

"ဦး တူတူစီးရအောင်"

"ခွန်တာစီး...ကိုယ်စောင့်ပေးမယ်"

"အဲဒါဆို ဦး ခဏစောင့်ပေး"

စေတန်နက်ရှိုင်း ခွန်တာ၏ ဆံပင်များအား ဖြည်းညှင်းစွာ ပွတ်သတ်​ပေးလိုက်သည်။

"ဒီနေ့ ပျော်သလောက် ကလေးလုပ်ပြီးဆော့...ကိုယ်လိုက်ထိန်းပေးမယ်"

"အသက်ကွာတဲ့ချစ်သူ ရထားတာ မဆိုးဘူးဘဲ...စိတ်ကြိုက် ကလေးလုပ်လို့ရတယ်"

ခွန်တာစကားအား သဘောကျစွာ စေတန်နက်ရှိုင်း ပြုံးလိုက်မိသည်။

"မျက်နှာပေါ်က maskသာ မရှိရင် ခွန်တာကို နမ်းပြီးလောက်ပြီ"

ခွန်ရှန်း ဦးအား မျက်စောင်းထိုးလိုက်၏။

You've reached the end of published parts.

⏰ Last updated: Aug 19, 2022 ⏰

Add this story to your Library to get notified about new parts!

Alien's adorable doctorWhere stories live. Discover now