အပိုင်း(၉)

2.7K 272 17
                                    

Unicode

ဒီအပိုင်းမှာ အရေးပါတဲ့ villian ဇာတ်ကောင်တစ်ယောက် ပါပါတယ်။ လွှမ်းဆက်ဆိုတဲ့ ဒေါက်တာပါ။ ခွန်ရှန်းနဲ့ ဆေးရုံတစ်ခုထဲပါ။ အပိုင်းတစ်မှာ ခွန်ရှန်းကို စရန်လိုတဲ့ တစ်ယောက်ပါနော်။ ဒီအခန်းမှာ အရေးပါတဲ့ ထပ်တိုးဇာတ်ကောင်က သူ တစ်ယောက်တည်းပါပဲ။

အပိုင်း(၉)

ခွန်ရှန်း ချိန်းထားသော clubရှေ့တွင် သုရာနှင့် စိုင်းဝဏ္ဏအား စောင့်နေလိုက်သည်။ အချိန်တော်တော်ကြာထိ နှစ်ယောက်သား ရောက်မလာကြ။

တွေ့ဆုံပွဲ ချိန်းထားချိန်ထက် အနည်းငယ်နောက်ကျနေသောကြောင့် ဆိုင်ရှေ့တွင် ဆက်မစောင့်တော့ဘဲ ဆိုင်ထဲသို့ ဝင်လိုက်သည်။ အဝတွင် ရပ်နေသော သူ့အား ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြသောကြောင့် သူ ဆက်ရပ်မနေနိုင်တော့။

Clubထဲ ဝင်လိုက်သည်နှင့် ရောက်နှင့်နေကြသော ဆေးကျောင်းမှ သူငယ်ချင်းတစ်ယောက်က လက်ထောင်ပြကာ သူ့အား ထိုဝိုင်းသို့ လာထိုင်စေလိုက်သည်။ ဆူညံနေသော တီးလုံးသံနှင့် မှောင်လိုက်လင်းလိုက်ဖြစ်နေသော မီးအရောင်တို့အား ခွန်ရှန်းလုံးဝ သဘောမကျပေ။

ကျောင်းတုန်းက သူနှင့်အဆင်မပြေသော သူငယ်ချင်းများပါ ရောက်လာကြမည်ဖြစ်သော​ကြောင့် ကျောင်းသားဟောင်းတွေ့ဆုံပွဲဆီ သူ မလာချင်ခဲ့ပေ။ သုရာနှင့် စိုင်းဝဏ္ဏ အရမ်းသွားချင်နေသောကြောင့်သာ ရောက်လာရခြင်းဖြစ်သည်။

ခွန်ရှန်း ထိုဝိုင်းဆီသို့ သွားလိုက်ပြီး လွတ်နေသော နေရာတွင် ဝင်ထိုင်လိုက်သည်။ မျက်နှာချင်းဆိုင်သို့ ကြည့်လိုက်မိတော့ သူ့အား စူးစူးဝါးဝါး စိုက်ကြည့်နေသော လွှမ်းဆက်ကို တွေ့လိုက်ရ၏။

လွှမ်းဆက် သူ့အား မတည့်သည်က တစ်ဆေးရုံထဲအလုပ်လုပ်မှ မဟုတ်။ ကျောင်းတုန်းကတည်းက မတည့်ခြင်းပင်။ သူ ဘာမှမလုပ်မိသော်လည်း အရာရာလိုက်ပြိုင်နေသော လွှမ်းဆက်က သူ့အား တစက်လေးမှ ကြည့်ရပုံမပေါ်ပေ။ ယခုလည်း လွှမ်းဆက်၏ကြောက်မက်ဖွယ် မျက်လုံးစိမ်းများနှင့် ရင်ဆိုင်နေရချေပြီ။

" ငါတို့ကျောင်းရဲ့ နာမည်ကျော် ထိပ်ဆုံးကျောင်းသား ခွန်ရှန်းက တွေ့ဆုံပွဲကို အခုမှပဲ ပေါ်လာတော့တယ်"

Alien's adorable doctorWhere stories live. Discover now