အပိုင်း(၁၀)

2.7K 255 46
                                    

Zawgyi

ဒီအပိုင်းမှာ မိန်းကလေးဇာတ်ကောင်အသစ်တစ်ယောက်ထပ်တိုးပါတယ်။ မိန်းကလေးဇာတ်ကောင်က တစ်ယောက်တည်းပဲပါမှာပါ💛

အပိုင်း(၁၀)

သုရာ သူ၏ရှေ့မှဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် လူတစ်စုအား ကြည့်ကာ စိတ်ပျက်လာရသည်။ အကုန်လုံးက အပေါ်ယံ ပြုံးရွှင်ပြနေကြသော်လည်း တစ်ယောက်ဝတ်စားပုံကိုတစ်ယောက် မနာလိုမရှုစိမ့်ပွားနေကြမှန်း သိသာလှ၏။

"ခင်ဗျား ဒီလေထုညစ်ညမ်းတဲ့နေရာကို ဘာလို့ခေါ်လာတာလဲ"

သုရာ စိတ်မသက်သာစွာ မေးလိုက်တော့ သူ၏ဘေးရပ်နေသူက ပိုင်စိုးပိုင်နင်းဖြင့် ခါးအား ဖက်လာ၏။ သုရာ စိတ်ရှုပ်စွာ ထိုလက်များအား ခါးထက်မှ ဆွဲဖြုတ်သော်လည်း မရပေ။

နောက်ဆုံး လက်လျော့ကာ မျက်လုံးသာလှန်ပြလိုက်သည်။

"ကိုယ့်ခင်ပွန်းလောင်းက ကိုယ်တက်ရမဲ့ပွဲတိုင်း ​ပါတနာအဖြစ်လိုက်ပေးသင့်တယ်လေ"

"ခင်ဗျားကြောင့် ကျွန်တော် ချိန်းထားတာဖျက်ခဲ့ရတာ...ခွန်ရှန်းနဲ့ စိုင်းဝဏ္ဏ ကျွန်တော့်ကို စောင့်​နေလောက်တယ်...ခင်ဗျား တခုခုဆို ကျွန်တော် ပြင်ဆင်ချိန်ရအာင် ကြိုပြောလေ...ခုလိုမျိုး ရုတ်တရက်ကြီး အိမ်လာမခေါ်သင့်ဘူး"

သူ စိတ်ဆိုးစွာဖြင့် တတွတ်တွတ် ရေရွတ်နေစဥ် ဖုန်းမြည်လာသည်။ ခေါ်ဆိုသူမှာ စိုင်းဝဏ္ဏ။

"Hello ဝဏ္ဏ"

" ငါ ဒီနေ့ ချိန်းထားတဲ့ဆီ မလာတော့ဘူး...သွားစရာလေးရှိလို့"

"ဘာ...ငါလည်း ပါတီတစ်ခုရောက်နေတာ...မင်းသွားမှဖြစ်မယ် ဝဏ္ဏ...ခွန်ရှန်းတစ်ယောက်တည်း"

"Sorry ငါတကယ် ဒီနေ့ အဆင်မပြေလို့"

ဝဏ္ဏ အဆင်မပြေစရာ တခြားကိစ္စမရှိ။ သူ ပွေလီရှုပ်ထားသော ကောင်လေးများနှင့် ကိစ္စသာရှိမည်။

"Fuck! May you always be alone,Jerk!"

"What the hell"

စိုင်းဝဏ္ဏဖက်မှ ချက်ချင်းဖုန်းချသွားလေသည်။ သုရာ တော်တော်လေး ဒေါသထွက်လာရ၏။

Alien's adorable doctorWhere stories live. Discover now