အပိုင်း(၁၇)

2.8K 230 25
                                    

Unicode

အပိုင်း(၁၇)

ခွန်ရှန်း screen တွင် မြင်လိုက်ရသော စိုင်းဝဏ္ဏနှင့် သုရာရှင်းတို့နှစ်ယောက်ကြောင့် တခဏ ကြောင်အသွားရသည်။

သူ ဒီမှာရှိနေမှန်း ဘယ်လိုသိကာ ရောက်လာကြသနည်း။

ဟိုနှစ်ယောက်က သူ တံခါးမဖွင့်မချင်း ဘဲလ်ဆက်တိုက်တီးနေသောကြောင့် ခွန်ရှန်း နားညီးကာ တံခါးဖွင့်ပေးလိုက်သည်။

"ဘယ်လို ရောက်လာကြတာလဲ"

"Fuck...မင်း ကိုယ့်အိမ်ကိုယ်တောင် ကောင်းကောင်းမပြန်တတ်တော့ဘူးထင်လို့ ရောက်လာရတာလေ"

အသားလွတ် ဆဲကာ ပြောလာသော သုရာကြောင့် ခွန်ရှန်း ခေါင်းသာ ကုတ်လိုက်မိ၏။

"ဘာရပ်ကြည့်နေတာလဲ...ငါတို့ကို အပြင်မှာရပ်ခိုင်းထားတော့မလို့လား...အိမ်ထဲခေါ်လေ"

စိုင်းဝဏ္ဏကပါ ဝင်​ပြောကာ သူ့အား ဂရုမစိုက်ဘဲ အိမ်ထဲ ဇွတ်ဝင်လာသည်။

ခွန်ရှန်း တံခါးပိတ်ကာ သူတို့နောက်မှ လိုက်၍ အထဲဝင်လိုက်၏။ ဧည့်ခန်းသို့ အရောက် ဆိုဖာတွင် ထိုင်ကာ ခေါက်ဆွဲစားရန် ပြင်နေသော ဦးအား တွေ့လိုက်ရသည်။

သုံးယောက်လုံး ခြေလှမ်းတို့ တန့်သွားစဥ် ဦးကတော့ သူတို့အား ဂရုမစိုက်စွာ လှည့်ပင်မကြည့်။ ကြည့်ရတာ သူ့အား စိတ်ဆိုးနေသည့်အပြင် သူတို့ကိစ္စအား လာရှုပ်သော ဟိုနှစ်ယောက်ကိုပါ မကြည်မလင်ဖြစ်နေပုံပေါ်သည်။

ရှေ့စားပွဲပေါ်တွင် ကိုင်းနှစ်ဖက်ပါသော ခေါက်ဆွဲဒန်အိုးအား ချထားပြီး ပန်းကန်ပြားတစ်ချပ်ဖြင့် အိုးထဲမှ ခေါက်ဆွဲများအား ကော်ထည့်ရန် ပြင်နေ၏။ စားပွဲပေါ်တွင် နောက်ထပ်ပန်းကန်များ တစ်ချပ်ချထားပြီး နှစ်ယောက်စာစားရန် ပြင်ဆင်ထားပုံ။ ဒါကြီးက ဧည့်သည်ကို မကြိုဆိုကြောင်း တမင်သက်သက်လုပ်ခြင်းပင်။

ခွန်ရှန်း စိုင်းဝဏ္ဏနှင့် သုရာအား အားနာသွားရသည်။ သို့သော် ဟိုနှစ်ကောင်ကလည်း လုံးဝဂရုစိုက်ပုံမရ။ ဦးအား ပြန်၍ မခန့်လေးစားလုပ်ကာ ခပ်တည်တည်ဖြင့် ညာဖက်ခြမ်းရှိ ဆိုဖာခုံရှည်တစ်ခုတွင် နှစ်ယောက်သား သွားထိုင်လိုက်ကြသည်။ လက်ထဲပါလာသော အထုပ်များအား ထိုဆိုဖာ၏ လွတ်နေသော တဖက်ခြမ်းတွင် တင်လိုက်ကြ၏။

Alien's adorable doctorWhere stories live. Discover now