Please read...

2.1K 222 46
                                    

Unicode

Alien ကို မျှော်နေတဲ့သူ ဘယ်နှစ်ယောက်ရှိလဲဟင်။ ရှိရင် လမင်းကို cmtမှာ ပြောပြပေးသွားကြပါလား။ Alien ကို အပိုင်း နည်းနည်းများတဲ့ထိ ကိုယ့်ဘာသာ ဆက်ရေးနေရင်း အားမရသလို ခံစားလာရလို့ပါ။

ဆက်ဖတ်ချင်တဲ့ သူရော ရှိပါ့မလား။ မျှော်ရော မျှော်နေကြရဲ့လား။ လမင်းကို ယုံကြည်ပြီး လမင်းနဲ့အတူ ongoing လိုက်ကြပါ့မလား။ အဲလိုတွေ တွေဝေလာမိတယ်။

မျှော်နေတဲ့သူလေးတွေ၊ ongoing တူတူလိုက်ပေးမဲ့သူလေးတွေ ရှိရင် လမင်း စတင်ပေးပါတော့မယ်။ နှစ်ရက်ခြားတစ်ခါ update ပေးပါ့မယ်။ အကောင်းဆုံးတော့ ကြိုးစားရေးမှာပါ။

ဇာတ်ကောင်များပါလိမ့်မယ်။ ဆယ်ပိုင်းကျော်လောက်ထိက ပေါ့ပေါ့ပါးပါး ပုံစံသွားမှာပါ။ ဇာတ်ကောင်တွေရင်းနှီးသွားအောင်ပါ။ 10ပိုင်းကျော်လောက်က စပြီး မြုပ်ကွက်တွေ၊ plot twist၊ စိတ်ဝင်စားစရာကောင်းတာတွေ တဖြည်းဖြည်းချင်း ပေါ်လာပါလိမ့်မယ်။

Alien,Magician,mafia,serial killer,sociopath ထူးဆန်းတဲ့ဇာတ်ကောင်များစွာပါဝင်ပြီး medicine & crime ကို အဓိကထားတဲ့ friendship,kidnapping,psychology,Killing,comedy,romance,supernatural,paranormal...genre များစွာပါဝင်တဲ့ fiction တစ်ပုဒ်ပါ။ fantasy ဆန်ပါလိမ့်မယ်။

Seme ဇာတ်ကောင်က အရမ်းလျှို့ဝှက်ပြီး ပဟေဠိဆန်ပါလိမ့်မယ်။ အေးစက်ပြီး ဘာကိုမှ သိပ်ဂရုမစိုက်တတ်တဲ့ typeမျိုးပါ။ Uke ကတော့ ဘဝကို ပျော်ပျော်သာ နေတတ်ပြီး ထက်မြက်တဲ့ typeပါ။ အခက်ခဲမှန်သမျှ ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး ရင့်ကျက်သူတစ်ယောက်ပါ။ အစပိုင်းမှာ သူ့ရဲ့အတိတ်မှတ်ဥာဏ်တွေကို ပြန်ရမလား မျှော်လင့်ချက်နဲ့ semeကို uke ဖက်က စလိုက်တဲ့ ပုံစံမျိုးဖြစ်ပါလိမ့်မယ်။

ဒီ ficလေးအတွက် အချက်အလက်တွေရှာ အများကြီးအားစိုက်ပြီး ရေးသားထားပါတယ်။ တစ်ခါမှ မရေးဖူးတဲ့ပုံစံမို့ ကိုယ်တိုင်လည်း အနည်းငယ်တော့ စိုးရိမ်နေပါတယ်။

ဇာတ်ကောင်တချို့ရဲ့ နာမည်တွေကို လမင်းပြောင်းလဲ ရေးသားသွားပါ့မယ်။

အပိုင်း(1)နဲ့ (2)မှာ ဦးစေတမာန်လို့ သုံးထားတဲ့ Alien ဇာတ်ကောင် main seme ကို ဦးစေတန်နက်ရှိုင်းလို့ ပြောင်းလဲမှာပါ။

Alien's adorable doctorWhere stories live. Discover now