အပိုင်း(၁၂)

2.7K 233 14
                                    

Unicode

ပင်ပန်းနေသောကြောင့် အနားယူရန် အိပ်ခန်းထဲသို့ ဝင်လိုက်စဥ် အိပ်ရာပေါ်တွင် စာထိုင်ဖတ်နေသူတစ်ဦးကြောင့် ခွန်ရှန်း အံ့အားသင့်သွားရသည်။

"ဦး"

"ပြန်လာပြီလား ခွန်တာ...ကိုယ်လာကြိုမလို့လုပ်နေတာ...အလုပ်စောဆင်းတာလား"

သူ့အိမ်ကဲ့သို့ သက်တောင့်သက်သာနေနေသော ဦးကြောင့် ခွန်ရှန်း ဘာပြောရမှန်း မသိတော့။

overpowerရှိသူနှင့် ချစ်သူတော်ထားတော့လည်း ခုလိုအခြေအနေမျိုးကို နေသားကျအောင် သူ ကြိုးစားရဦးမည်။ ထိုသို့ တံခါးမရှိ၊ ဓားမရှိ အလွယ်တကူ ဝင်ထွက်နေပုံနှင့်ဆိုလျှင် ခွန်ရှန်း အိမ်တွင်တစ်ယောက်တည်းနေသည့်အခါများတွင်လည်း သေချာပေါက်သတိထားရပေတော့မည်။

"ကိုယ် ခွန်တာကို ဘာမှမလုပ်ပါဘူး...ဘာလို့အဲလောက်စိုးရိမ်နေတာလဲ"

ဦး စကားကြောင့် ခွန်ရှန်း ချက်ချင်းငြင်းဆန်လိုက်သည်။

"ကျွန်တော်ဘယ်မှာ စိုးရိမ်လို့လဲ"

ဦးစေတန်နက်ရှိုင်း၏ မျက်နှာတွင် အပြုံးပါးတစ်ခု ခပ်ရေးရေးပေါ်လာသည်ကို ခွန်ရှန်း တွေ့မြင်လိုက်ရသည်။

"ခွန်တာ့မျက်နှာမှာ ခွန်တာတွေးသမျှ အတိုင်းသားပေါ်နေတယ်"

ဦးစကားကြောင့် ခွန်ရှန်း ငြိမ်သက်သွားမိသည်။ ဒီနေ့စိတ်ရှုပ်စရာတွေ အလွန်များခဲ့သောကြောင့် စိတ်ခံစားချက်များအား မျက်နှာတွင် မပေါ်အောင် သူ မထိန်းချုပ်နိုင်တော့ပုံပေါ်သည်။

"ဒီနေ့ ဘာတွေစိတ်ရှုပ်စရာရှိလို့လဲ"

ခွန်ရှန်း ဦးအား အစအဆုံးပြန်မပြောပြချင်တော့။ သူ ပင်ပန်းနေသောကြောင့် အနားယူချင်နေလေပြီ။

"ဦး ကျွန်တော်အများကြီး ပင်ပန်းနေပြီ"

ဦးက ဖတ်နေသော စာအုပ်အား ဘေးချလိုက်သည်။ ခွန်ရှန်း ကြည့်လိုက်တော့ Adam Smith ၏ the weath of nations စာအုပ်ပင်။ တကယ်ကို စီးပွားရေးသမားပီသပေသည်။

"ကို့ဆီ လာခဲ့"

အိပ်ရာဘေးအား ပုတ်ပြလာသောဦးကြောင့် ခွန်ရှန်း ဦး ဘေးသို့သွားထိုင်မိသည်။

Alien's adorable doctorWhere stories live. Discover now