အပိုင်း(၇)

2.9K 277 39
                                    

Unicode

ခွန်ရှန်း ဂျူတီကုတ်လဲလှယ်ပြီး ထွက်လာသောအခါ လူသွားလူလာများသော စင်္ကြ့တနေရာတွင် လူရှုပ်ကာ ဆူညံနေ၏။ ထိုနေရာဆီအရင်မသွားဘဲ အသံများအား သူ အာရုံစိုက်နားထောင်လိုက်သည်။

"ခွန်ရှန်းသက္ကရာဇ်ဆိုတဲ့ဒေါက်တာ ဘယ်မှာလဲ...အခုချက်ချင်းခေါ်ပေး...သူ ထိုးပေးလိုက်တဲ့ အကြောဆေးကြောင့် ခုငါ့လက်ယောင်နေတာ...တွေ့လား ဒီမှာ...ဆေးပညာမကျွမ်းကျင်ဘဲ ဘာကိစ္စဆရာဝန်လာလုပ်နေတာလဲ...သူပေးတဲ့သောက်ဆေးတွေကရော ယုံရပါ့မလား"

သူ၏နာမည်အား ခေါ်ကာ စွပ်စွဲပြောဆိုနေသောစကားတို့ကြောင့် ခွန်ရှန်း မျက်နှာထက်တွင် အပြုံးတစ်ချက်ပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

ဆေးရုံတွင်ဆရာဝန်တစ်ယောက်၏ နာမည်ဂုဏ်သတင်းသည် လွန်စွာအရေးကြီးလှသည်။ ဆေးပညာနှင့် ပတ်သတ်၍ တခါမှ လွဲမှားဖူးခြင်းမရှိသော သူ၏နာမည်ကို ဖျက်ရန်က ပိုလွယ်ကူလွန်းသည်။

ခွန်ရှန်း ထိုလူရှိရာဆီသွားကာ ရှေ့မလှမ်းမကမ်းတွင်ရပ်လိုက်သည်။

"ဒီကအစ်ကို ကျွန်တော့်ကို အရေးတကြီးတွေ့ချင်နေပုံပဲ"

"မင်းပဲ...မင်း...ငါ့ကိုအားနည်းလို့ဆိုပြီး အကြောဆေးသွင်းပေးလိုက်တဲ့သူ...ဒီမှာ မင်းကြောင့် ငါ့လက်အခြေအနေ...ကြည့်စမ်း"

"Allergicကြောင့် ဖြစ်တာပါ...ဆေးသောက်ရင်သက်သာပါလိမ့်မယ်...ကျွန်တော်သေချာပြန်စမ်းသပ်ပြီးဆေးပေးပါ့မယ်...အရမ်းကြီး စိုးရိမ်စရာအခြေအနေမဟုတ်ပါဘူး"

ဘေးမှထွက်ပေါ်လာသော အသံကြောင့် ခွန်ရှန်း သူ၏ဘေးသို့စောင်းငဲ့ကြည့်လိုက်သည်။ ဘေးဖက်တွင်ရပ်နေသော သုရာက ပြောလိုက်ခြင်းပင်။ သုရာဘေးတွင်ပင် ပြေးလာပုံရသောကြောင့် မောပန်းနေသော စိုင်းဝဏ္ဏက အသက်ပြင်းပြင်းရှူထုတ် ရှူသွင်းလုပ်နေသည်။ သုရာနဖူးတွင်လည်း ချွေးစများတွေ့လိုက်ရသောကြောင့်အတူတူပြေးလာကြပုံရသည်။

သူ၏သူငယ်ချင်းနှစ်ယောက်က တကယ်ကို အရမ်းလိုက်ဖက်လွန်းသည်။ သူတို့နှစ်ယောက်မတွဲကြခြင်းကိုတော့ တကယ်စိတ်မကောင်းပေ။ ခုတော့ သုရာလည်း သူ့လူနှင့်သူ ဖြစ်နေချေပြီ။ သူ ထပ်ပေးစား၍မရတော့။

Alien's adorable doctorWhere stories live. Discover now