အပိုင်း(၈)

2.7K 280 34
                                    

Unicode

ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်တစ်ယောက်နာမည်ပါပါမယ်။ လူကိုယ်တိုင်တော့ ပေါ်မလာသေးပါဘူး။ ရှေ့အပိုင်းမှာ ခွန်ရှန်းပြောခဲ့တဲ့ သွေးမတော်အစ်ကိုပါ။ ခွန်ရှန်းက အဲဒီအစ်ကိုကို "ဟန်"လို့ ခေါ်ပါတယ်။ နာမည်အရင်းနဲ့ ဇာတ်ကောင်ကတော့ သိပ်မကြာခင်မှာ ပေါ်လာပါလိမ့်မယ်။ ခွန်ရှန်းနဲ့ ပတ်သတ်မှုကတော့ မွေးစားအစ်ကို သဘောမျိုးပါ။

အပိုင်း(၈)

လူများစည်ကားနေသော စျေးတန်းတစ်ခုအား ငေးရင်း ဦးစေတန်နက်ရှိုင်း ဆွံ့အနေမိသည်။

"မင်း ပြောတဲ့ ငါးစွတ်ပြုတ်ကောင်းကောင်းရတဲ့နေရာဆိုတာ ဒီနေရာလား"

ခွန်ရှန်း ဦးစေတန်နက်ရှိုင်းအား ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

"အင်း"

ဦးစေတန်နက်ရှိုင်း ချက်ချင်းကားစက်နှိုးလိုက်သည်။ ခွန်ရှန်း အလန့်တကြားမေးလိုက်မိ၏။

"ဦး ဘာလုပ်မလို့လဲ"

"မင်းရဲ့ပေါက်ကရ နေရာမှာ အချိန်မဖြုန်းချင်လို့...စားသောက်ဆိုင်ပဲသွားမယ်"

"ဦး ဒီစျေးထဲက ဆိုင်တွေက တကယ်အရသာရှိတာ...စားမကြည့်ဘဲ အထင်မသေးပါနဲ့"

" ငါ ဒီလိုလူများပြီး မသန့်ရှင်းတဲ့နေရာတွေ မကြိုက်ဘူး"

"ဦး ဒီထဲက ကျွန်တော်ပြောတဲ့ စားသောက်ဆိုင်မှာစားပြီးလို့ မကြိုက်ရင် ကျွန်တော် ဦးကို လိုက်မရှုပ်တော့ဘူး"

ဦးစေတန်နက်ရှိုင်း ကားစတီယာရင်အား ကိုင်ကာ ခွန်ရှန်းအား အတန်ကြာစိုက်ကြည့်လိုက်မိသည်။

"မင်း သေချာလား"

"အင်း သေချာတယ်"

ခွန်ရှန်း ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းညိတ်ထောက်ခံလိုက်၏။ စိတ်ထဲမှလည်း ဦး သေချာပေါက် ကြိုက်စေရမည်ဟု တွေးလိုက်မိသည်။

" ငါ သေချာပေါက် ကြိုက်မယ်လို့ မင်းယုံကြည်တယ်ပေါ့"

ခွန်ရှန်း ထပ်၍ ခေါင်းညိတ်ပြလိုက်သည်။

"Ok သွားစို့"

ဦးစေတန်နက်ရှိုင်း ကားအား ကားအပ်သည့်နေရာတွင် အပ်ထားခဲ့ပြီး မျက်နှာတွင် maskတပ်ကာ ခွန်ရှန်းနှင့်အတူ လူများကြားထဲသို့ လမ်းဆင်းလျှောက်လိုက်သည်။ ခွန်ရှန်းပြောသောဆိုင်သို့ရောက်အောင် တော်တော်လေးလမ်းလျှောက်လိုက်ရ၏။

Alien's adorable doctorWhere stories live. Discover now