အပိုင်း(၁၁)

2.5K 241 17
                                    

ဒီအခန်းမှာ ခွန်ရှန်းမွေးစားအစ်ကို ပေါ်လာပါပြီနော်။ ဇာတ်ကောင်တွေအကုန် ပေါ်လာပြီးပါပြီ။ ဒီအခန်းမှာ ဇာတ်ကောင်နှစ်ယောက်ထပ်ပေါ်ပါတယ်။ guest အနေနဲ့ပဲ ပါလာမဲ့သူတွေပါ။ accdient ဖြစ်တဲ့သူနှစ်ယောက်ပါ။ နာမည်တွေတော့ နောက်အခန်းမှာမှ ပြောပြပေးပါမယ်နော်။

Unicode

ခွန်ရှန်း ဆေးရုံတွင် လျင်မြန်စွာ ပြေးနေမိသည်။ သူ၏ နောက်မှ သုရာနှင့် စိုင်းဝဏ္ဏတို့ အမောတကော ပြေးလိုက်လာကြ၏။

သူ သူတို့အား ဂရုမစိုက်အား။ သူ အလောတကြီး သွားနေရာသို့ ရောက်ရှိသည်နှင့် ဆေးရုံခန်းတံခါးအား ဆောင့်တွန်းကာ ဖွင့်လိုက်သည်။

အလယ်တည့်တည့်ရှိ အသက်ရှူပိုက်များတပ်ဆင်ထားသို့ လူနာဆီသို့ ချက်ချင်းသွားလိုက်၏။ သူ၏ နောက်မှလိုက်ဝင်လာသော သုရာ၊ စိုင်စဝဏ္ဏနှင့် သူနာပြုဆရာမများကမူ သူ၏ဘေးပတ်လည်တွင်ရှိနေကြသည်။

ခွန်ရှန်းလူနာ၏ ရင်ဘတ်အလည်တည့်တည့်အရှိုက်အပေါ် ၂လက်မတွင် လက်ဖနောင့်တင်လိုက်သည်။ ထို့နောက် ထိုလက်ဖနောင့်အပေါ် အခြားလက်တစ်ဖက် ပြန်တင်ကာ ရင်ဘတ်အား ဆက်တိုက်ဖိနေမိသည်။

သူ CPR ဆက်တိုက်လုပ်နေခြင်းအား ကြောင်ကြည့်နေသူများကို စိတ်တိုစွာ အသံကျယ်ကျယ်ဖြင့် အော်လိုက်မိသည်။ သူ ဒီလူနာအား လက်မလျှော့ချင်ပါ။

[CPR - cardiopulmonary resuscitation (နှလုံးခုန်ရပ်သွားသည့်အခါ
လူနာ၏ရင်ဘတ်ကို အကြိမ်ကြိမ်ဖိအားပေးခြင်းနှင့်ပတ်သက်သည့် ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သော ရှေးဦးလူနာပြုစုနည်း)]

"Defibrillator ယူခဲ့"

[Defibrillator- နှလုံးအကူစက်( နှလုံးသို့လျှပ်စစ်စီးဆင်းမှုဖြင့် နှလုံးတုန်ခြင်းကို ထိန်းချုပ်ရန်သုံးသောကိရိယာ)]

လူနာအား အသက်ရှင်နိုင်မည်မထင်တော့သော သူနာပြုများက တုပ်တုပ်မျှ မလှုပ်ကြပေ။ အမှန်တကယ်ပင် ထိုလူနာသည်လည်း နှလုံးမခုန်တော့။ သေဆုံးနိုင်ချေက ပိုများနေလေပြီ။

စိုင်းဝဏ္ဏ ချက်ချင်း Defibrillator စက်အား ယူလာ၏။ သုရာ ချက်ချင်း စိုင်းဝဏ္ဏဘေးရောက်လာကာ ကူညီပေးလိုက်သည်။ သူတို့သည် ခွန်ရှန်း ဘာလုပ်လုပ်ထောက်ခံကြမည့်သူများသာ။ လူနာအသက်မရှင်နိုင်တော့မှန်း သိသော်လည်း သူတို့သူငယ်ချင်း၏မျှော်လင့်ချက်အား လုံးဝမဖျက်ဆီးပေ။

Alien's adorable doctorWhere stories live. Discover now