အပိုင်း(၅)

3.1K 317 36
                                    

Unicode

အပိုင်း(၅)

အလင်းရောင်ဖျော့ဖျော့သာရသော မြေအောက်ခန်းတစ်ခုတွင် လူတစ်ယောက် ထိုင်ခုံပေါ် ခြေ ချိတ်ထိုင်ကာ စီးကရက်အား ဇိမ်ခံသောက်နေ၏။ တခဏအကြာ လူတစ်ယောက်အား ချုပ်ကိုင်ထားသည့် အနက်ရောင်အနောက်တိုင်းဝတ်စုံဝတ်ထားသူနှစ်ယောက်တို့ဝင်လာကြသည်။

"Boss"

စီးကရက်သောက်နေသူက စီးကရက်ငွေ့များအား မှုတ်ထုတ်ကာ သူ၏စူးရှသော မျက်ဝန်းများဖြင့် ကြည့်လာသည်။

"Boss သူက ဥက္ကဌ စေတန်နက်ရှိုင်းကို ကားနဲ့တိုက်ပြေးသွားတဲ့ ကားသမားပါ"

စီးကရက်အား လက်ကြားညှပ်ထားသူက ထိုသူအား စေ့စေ့စပ်စပ်ကြည့်ရှုလိုက်၏။

နှိပ်စက်ခံထားရသောကြောင့် ခေါင်းတွင်သွေးများစီးကျနေပြီး ကောင်းမွန်စွာ မတ်တပ်မရပ်နိုင်တော့။ သူ့လူနှစ်ယောက် ထိန်း၍ ချုပ်ကိုင်ထားခြင်းသာ မခံရပါက ထိုလူ ကြမ်းပြင်တွင် လဲကျနေလောက်သည်။

"နောက်ကွယ်က တရားခံ ဘယ်သူလဲ"

သူ့အား ဖြေကြားနေသည့် လူယုံဆီမှ နာမည်တစ်ခု ထွက်ပေါ်လာသည်။

ဇွဲဆတ်မင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟား ဟား ဟား ငါထင်တဲ့အတိုင်းပဲ"

ထို့နောက် ဦးဇွဲဆတ်မင်း၏ မျက်ဝန်းများ သိမ်းငှက်တစ်ကောင်လို မှေးကျဥ်းသွားရသည်။

"စေတန်နက်ရှိုင်း မင်းမှာ ရန်သူတော်တော်များတာပဲ"

အတန်ကြာ သူ စဥ်းစားနေလိုက်ပြီးနောက် သူ့လူယုံနှစ်ယောက်ဖက်လှည့်ကာ ပြောလိုက်၏။

"ဒီလူကို အပြတ်ရှင်းလိုက်တော့...စေတန်နက်ရှိုင်း ရှာမတွေ့စေနဲ့"

"ဟုတ်ကဲ့ boss"

ထို့နောက် သူ့လူနှစ်ယောက်သည် သေလုမျောပါးဖြစ်နေသော ကားသမားအားခေါ်ကာ သူရှိနေရာမှ ထွက်သွားကြလေသည်။

"စေတန်နက်ရှိုင်း မကြာခင် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ပွဲတစ်ခု ငါကြည့်ရတော့မယ်ထင်တယ်"

Alien's adorable doctorWhere stories live. Discover now