အပိုင်း(၁၃)

2.4K 202 5
                                    

Unicode

"ပါး ကျွန်တော်အားလုံးစစ်ဆေးပြီးပြီ...ဘာသဲလွန်စမှ မကျန်ဘူး"

"အင်း CCTV တွေကလည်း ပျက်နေတယ်တဲ့...အရမ်းထူးဆန်းနေပြီ"

ရေခဲတိုက်ထဲ စစ်ဆေးရေးလုပ်နေသူများကြား ခွန်ရှန်းနှင့် ခရစ် ထူးဆန်းမှုအား ဆွေးနွေးနေကြသည်။ ယခု အလောင်းခိုးမှုသည် ဆေးရုံနှင့် ပတ်သတ်ဆက်နွယ်နေမည်မှာ သေချာပေါက်ပင်။ မဟုတ်ပါက ယခုကဲ့သို့ လွယ်လွယ်အလောင်းခိုးယူသွားနိုင်စရာ အကြောင်းရင်း မရှိနိုင်ပါ။

"ဒေါက်တာခွန်ရှန်းသက္ကရာဇ်...မင်းဘာတွေလုပ်နေတာလဲ"

ဒေါကြီးမောကြီးဖြင့် တံခါးအားဆောင့်တွန်းကာ ဝင်လာသူက သူတို့ဆေးရုံ၏ ဆေးရုံအုပ်ပင်။

"သူက လက်ရှိ သံသယဝင်စရာအကောင်းဆုံးလူပဲ ခရစ်"

ခရစ်နားကပ်ကာ တီးတိုးပြောလိုက်သော်လည်း သူ့အား ပြန်ထောက်ခံပြောဆိုသံ မကြားရ။ နောက်သို့ လှည့်ကြည့်လိုက်တော့ ခရစ်က တစုံတစ်ရာအား မျက်တောင်မခတ်ငေးကြည့်နလေသည်။

ခရစ်ကြည့်ရာ ခွန်ရှန်းလိုက်ကြည့်လိုက်စဥ် ဆေးရုံအုပ်နောက်မှ လိုက်၍ ဝင်လာသော ဒေါက်တာသွန်းရိုးရာအား တွေ့လိုက်ရသည်။ လက်စသတ်တော့ သကောင့်သားက ငမ်းကြောထနေခြင်းပင်။

"ဒေါက်တာခွန်ရှန်းသက္ကရာဇ် အခုပဲ အမှုကို ပိတ်သိမ်းလိုက်ပါ"

ဆေးရုံအုပ်၏ ဒေါသသံကျယ်ကျယ်ကြောင့် ခွန်ရှန်း နားပင်ကိုက်ချင်လာရသည်။

"ဆေးရုံအုပ်ကြီးရဲ့ ဆေးရုံကအလောင်းပျောက်သွားတာနော်...မစုံစမ်း မစစ်ဆေးဘဲ အမှုပိတ်သိမ်းရမယ်လို့ ဘယ်လိုများတွေးလိုက်တာလဲ"

"ဒီကိစ္စ မီဒီယာတွေဘက်ပြန့်သွားရင် ငါ့ဆေးရုံပဲထိခိုက်မှာ ဒေါက်တာခွန်ရှန်း...အခုပျောက်သွားတဲ့အလောင်းက အရေးမကြီးတဲ့သူပဲ...ပြသနာရှာမဲ့ မိသားစုဝင်လည်း မရှိဘူး...အမှုကို ဒီတိုင်းပိတ်သိမ်းလိုက်ရအောင်"

ခွန်ရှန်း ဒေါသထောင်းခနဲထွက်သွားရသည်။ အရေးမကြီးသူတစ်ယောက်မို့ မျက်ကွယ်ပြုချင်သည်တဲ့လား။ ဒါဟာ လူနာတိုင်းကိုတန်းတူဆက်ဆံဖို့ ကျမ်းကျိန်ခဲ့ရတဲ့ အကြီးအကဲ ဆရာဝန်တစ်ယောက် ပါးစပ်မှ လုံးဝထွက်မလာသင့်သောစကားပေ။

Alien's adorable doctorWhere stories live. Discover now