အပိုင်း(၁၄)

2.2K 207 10
                                    

Unicode

"ဥက္ကဌလို့ ခေါ်သင့်တာမလား မဟာ"

ခွန်ရှန်း ဦးစေတန်နက်ရှိုင်းနှင့်မဟာအား အကဲခတ်နေလိုက်သည်။ ဦးစေတန်နက်ရှိုင်း မျက်ဝန်းထဲတွင် မဟာ သူ့ရှေ့ရောက်နေခြင်းအား မနှစ်မြို့သည့် အရိပ်အယောင်များရှိနေသည်။ မဟာ့မျက်ဝန်းထဲတွင်မူ ဖုံးကွယ်ထားသည့် ဒေါသအရိပ်အယောင်များမြင်တွေ့နေရ၏။

"မိုးထက်မဟာ ကျွန်တော်တို့ ဒုတိယအကြိမ်ထပ်တွေ့ပြန်ပြီ"

မိုးထက်မဟာက သူ့အား ပြုံးပြလာသည်။

"ဟုတ်တယ် တိုက်ဆိုင်လိုက်တာ"

"မင်းဘယ်လို ဒီကိုရောက်လာတာလဲ မိုးထက်မဟာ"

ဦး၏ ဒေါသအား ထိန်းချုပ်မေးသောအသံကြောင့် မိုးထက်မဟာ၏မျက်ဝန်းများသည် သူ့ဆီမှ ဦးဆီသို့ ကူးပြောင်းသွားသည်။

"ကျွန်တော့်ကို နိုင်ငံခြားရေးဝန်ကြီးဖိတ်ထားတာ ဦး...ကျွန်တော်နဲ့ရင်းနှီးတယ်လေ"

ဦးစေတန်နက်ရှိုင်း၏ ဒေါသမျက်ဝန်းများသည် မဟာ့ဆီသို့ကျရောက်သွားရသည်။

"ဒါ မင်းရှိနေသင့်တဲ့နေရာမဟုတ်ဘူး မိုးထက်မဟာ...ပြီးတော့ ငါ့ကို ဦးလို့ မခေါ်နဲ့...ငါ တတိယအကြိမ်ထပ်မပြောချင်ဘူး"

ဦးဆီမှ ခြိမ်းခြောက်သည့် auraများ ထွက်လာခြင်းကို ခွန်ရှန်း ခံစားလိုက်ရသည်။ သူ့အနေဖြင့် ဘာမှမဖြစ်သော်လည်း တခြားသူများသည်တော့ သူ့လို မဟုတ်နိုင်ပေ။

ထိုစဥ် ရုတ်တရက် ပါတီပွဲတွင်းမှ မီးများ မှိတ်လိုက်၊ လင်းလိုက် ဖြစ်လာသည်။ ထူးဆန်းမှုကြောင့် အကုန်လုံး အံ့သြနေကြစဥ် မီးအမှောင်ကျသွားလေ၏။

"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း"

သေနတ်ပစ်သံများ အဆက်မပြတ်ထွက်လာခြင်းကြောင့် ခွန်ရှန်း ကြမ်းပြင်တွင် အမြန်ဝပ်လိုက်ရသည်။ ပါတီပွဲတွင်းရှိ လူများသည်လည်း သူ့နည်းတူစွာပင်။ အမြန်မထိခိုက်အောင် ဝပ်လိုက်ကြသည့် လှုပ်ရှားမှုများအား သတိထားမိလိုက်သည်။

သေနတ်သံများကြောင့် ဖန်ခွက်ကျကွဲသံများ ဆူညံနေကြ၏။ ကျည်ဆန် အထိခံရမည်စိုးစွာ ဘယ်သူမှလည်း ထကြည့်ရဲပုံမပေါ်ကြပေ။

Alien's adorable doctorWhere stories live. Discover now