အပိုင်း(၂)

4.9K 454 54
                                    

Unicode

အထက်တန်းလွှာလူများစွာတို့ရှိရာ ကြယ်ငါးပွင့်ဟိုတယ်ခန်းမထဲတွင် ခွန်ရှန်း၊ စိုင်းဝဏ္ဏနှင့် သုရာရှင်းတို့စကားရပ်ပြောနေကြသည်။ စိုင်းဝဏ္ဏနှင့် သုရာရှင်းလက်ထဲတွင် ဝိုင်တစ်ခွက်စီ ကိုင်ထားပြီး ခွန်ရှန်းလက်ထဲတွင်တော့ လိမ္မော်ရည်တစ်ခွက်သာ ကိုင်ထား၏။

"ခွန်ရှန်းရယ် ဘယ်ခုနှစ်ရောက်နေပြီလဲ...ယောကျာ်းလေးဖြစ်ပြီး ဝိုင်ကို လက်ဖျားနဲ့တောင် မထိတဲ့မင်းကိုတော့ တကယ် လေးစားတယ်"

ခွန်ရှန်း ခပ်ရေးရေး ပြုံးလိုက်မိသည်။

"ဝဏ္ဏ...ခွန်ရှန်းက မင်းလို ဘာမဆိုလက်တည့်စမ်းတတ်တဲ့ကောင်မျိုးထင်နေလား...ခွန်ရှန်းက သုရာမေဏရကို ဘုရားလှူထားတာ မင်းမသိတာလည်း မဟုတ်ဘူး"

သုရာအပြောကြောင့် ဝဏ္ဏခေါင်းရမ်းကာ ပြောလိုက်သည်။

"အေးပါကွာ...ပြောမိတဲ့ ငါမှားတာ"

ခွန်ရှန်း ထိုမတည့်အတူနေ နှစ်ယောက်ကြား ဘာမှဝင်မပြောဖြစ်။ ဆေးရုံရန်ပုံငွေပါတီပွဲဖြစ်သောကြောင့် သူတို့မဖြစ်မနေ ပွဲတက်လာရခြင်းဖြစ်သည်။ တော်ရုံဆို သူနှင့်သုရာရှင်းက ယခုလိုပါတီပွဲများအား ရှောင်တတ်၏။ နေရာတကာ ဝင်ပါတတ်သော စိုင်းဝဏ္ဏကတော့ ခြွင်းချက်ပင်။

"ဒီနေ့ပွဲကတော့ တကယ် လူစုံတက်စုံပါလား...celebritiesတွေရော နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ လူချမ်းသာ အသိုင်းအဝိုင်းက public figureတွေရော အစုံပဲ"

ခွန်ရှန်း ပြုံးရင်း ခေါင်းသာ အကြိမ်ကြိမ် ညိတ်နေလိုက်မိသည်။ သုရာကတော့ ဘာမှဝင်မပြောဘဲ ဝိုင်ခွက်အား နှုတ်ခမ်းနှင့်တေ့ကာ မော့သောက်နေ၏။

"Wow...Model မိုးထက်မဟာ ရောက်လာတယ်...တကယ်ကြီး"

စိုင်းဝဏ္ဏ၏ တအံ့တသြအပြောကြောင့် ခွန်ရှန်းရော သုရာပါ စိုင်းဝဏ္ဏကြည့်နေရာဆီသို့ ကြည့်လိုက်မိသည်။

ဖြူစင်သော မျက်နှာလေးနှင့် မျက်လုံးဝိုင်းဝိုင်းလေးများပိုင်ဆိုင်ထားသည့် နက်ပြာရောင်ဆံသားထဲ ရွှေရောင် High lightများဖောက်ထားသော သူတို့နှင့်ရွယ်တူ ခပ်ချောချော ကောင်လေးအား တွေ့လိုက်ရသည်။ သူတို့နည်းတူ လူအများ၏ အကြည့်က ဆေးရုံအုပ်နှင့် ပြုံးပျော်ရွှင်စွာ စကားပြောနေသော ထိုကောင်လေးဆီတွင် ကပ်ညိနေကြသည်။

Alien's adorable doctorWhere stories live. Discover now