အပိုင်း(၄)

3.5K 353 37
                                    

Unicode

"တီ တီ တီ..."

နှိုးစက်မှ ဆက်တိုက်ထွက်ပေါ်လာသောအသံကြောင့် ခွန်ရှန်းမျက်လုံးများမဖွင့်ဘဲ နှိုးစက်အား စမ်းကာ အသံပိတ်လိုက်သည်။

ဖုန်းအား စမ်းယူလိုက်ပြီး မဖွင့်ချင်သော မျက်လုံးအား အနည်းငယ်ဖွင့်ကာ အသည်းပုံအနီလေးနှင့် ဖုန်းနံပါတ်အား နှိပ်၍ ခေါ်ဆိုလိုက်သည်။

တခဏကြာပြီးနောက် ဖုန်းကိုင်သံ ထွက်ပေါ်လာသည်။

"ဟယ်လို သား"

တဖက်မှ ပြန်ဖြေသံ ထွက်ပေါ်မလာ။ ခွန်ရှန်း အိပ်ချင်မူးတူးဖြင့် ဆက်ပြောလိုက်သည်။

"သားကို ပါး အကူညီတောင်းချင်လို့...Mars ဥက္ကဌ ဦးစေတန်နက်ရှိုင်းနဲ့ တွေ့ခွင့်ရချင်လို့...သား ထာဝရကို ပြောပြီး စီစဥ်ခိုင်းပေးပါလား"

သူ၏သားများအား တခါမှအကူညီမတောင်းခဲ့သည့်သူက ယခုတွင်မူ ဦးစေတန်နက်ရှိုင်းနဲ့တွေ့ရန် အကူညီတောင်းလိုက်မိသည်။ ပြန်ဖြေသံ တစွန်းတစပင်ထွက်မလာသောကြောင့် ခွန်ရှန်း ကြောင်အသွားရသည်။ သူ၏သားများက သူ့ကိုအဖက်မလုပ်ခြင်းတော့မဖြစ်နိုင်။ သူ့အားအရမ်းချစ်ကြသည်ကို သူသိသည်လေ။

"ချာတိတ် မင်းမှာ ဘယ်ကသားရှိလာတာလဲ"

ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် အိပ်ငိုက်နေသော မျက်ဝန်းတို့ပြူးကျယ်ဝိုင်းစက်သွားရသည်။ ချက်ချင်းပင် ခေါ်ဆိုမိသော ဖုန်းနံပါတ်အား ပြန်ကြည့်လိုက်သည်။

ဦးဟုရေးထားပြီး နောက်တွင်အသည်းပုံလေးထည့်ထားသည့် ဖုန်းနံပါတ်။

သူ၏သား တည်မြဲလွန်းကို ဖုန်းဆက်ခြင်းဖြစ်သော်လည်း ဦးနှင့်လွန်း နာမည်တစ်လုံးတည်းသာ မှတ်ထားခြင်း တူနေပြီး အသည်းပုံတူတူထည့်ထားသောကြောင့် အိပ်ချင်မူးတူးမှားခေါ်မိသွားခြင်းပင်။ ဒီလိုမှန်းသိ သုရာ သူ့အား ဖုန်းနံပါတ်ပေးစဥ်ကတည်းက contact name ကွဲပြားအောင် မှတ်လိုက်ပေလိမ့်မည်။ ခုတော့ ပြသနာတက်ကာ ဘယ်လိုပြန်ပြောရမည်မှန်းပင် မသိတော့။

"ဦး...ဦး..ဦးစေတန်နက်ရှိုင်း Good...Good....Good night"

ခွန်ရှန်း အယောင်ယောင်အမှားမှား​ပြောကာ ဖုန်းချရန် ပြင်လိုက်စဥ် တစ်ဖက်မှ စကားသံထွက်ပေါ်လာသည်။

Alien's adorable doctorWhere stories live. Discover now