Chapter 28. (Zawgyi)

313 63 1
                                    

ရှောင်းကျန့် သူပြင်ဆင်ထားတဲ့ အခန်းလေးကို ကြည့်ပြီး တအားသဘောတွေကျနေမိတယ်။

တကယ်က သူ ရိပေါ်အိမ်က စာဖတ်ခန်းလေးကို အိမ်ရှင်မသိအောင် Home theatre လေးလိုမျိုး ပြန်လုပ်ထားတာပါ။ နေ့လည်ဘက် ရိပေါ် အလုပ်သွားတဲ့အချိန်တွေဆို သူက အလုပ်သမားတွေ တိတ်တိတ်လေးခေါ်ပြီး အသာလေးပြင်ထားခဲ့တာပေါ့။ Sound system တွေပါ ပါတာမို့ နည်းနည်းတော့ အချိန်ယူလိုက်ရတယ်။ နံရံမှာ Projector နဲ့ထိုးပြီး ရုပ်ရှင်တွေကြည့်ဖို့ရယ်၊ ကြည့်တဲ့အခါလည်း လှဲအိပ်ပြီး သက်သောင့်သက်သာကြည့်လို့ရအောင်ဆိုပြီး ခေါင်းအုံးတွေလည်း အကျအနလုပ်ထားခဲ့သေးတာ။ ရိပေါ်မြင်ရင်လည်း ကြိုက်မယ်ထင်ပါတယ်။

အခု ပြီးသွားပြီမို့ မအောင့်နိုင်တော့တဲ့ ကိုကြီးက ကောင်လေးကို ကိုယ်တိုင်သွားကြိုလာပြီး Surprise လုပ်ချင်တာ။

ဒါပေမယ့် တကယ်ကတော့ ဒီ Home theatre လေးလုပ်ရတာ ရိပေါ်နဲ့ သူ ရုပ်ရှင်အတူတူကြည့်ရုံဆိုတာထက်ပိုတဲ့ နောက်ထပ် အဓိပာယ်တစ်ခုရှိပါသေးတယ်။

ရိပေါ်က Trauma ကို ဖြေဖျောက်နိုင်ဖို့နဲ့ သူမေ့ထားတဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေပြန်ရလာဖို့ Psychiatrist နဲ့ သွားသွားတွေ့ပြီး ကုထုံးတွေယူနေရသလို ရှောင်းကျန့်အနေနဲ့ ရိပေါ်ကို အိမ်မှာကူပြီးလုပ်ပေးလို့ရတဲ့ လေ့ကျင့်ခန်းလေးတွေအတွက် ဆရာဝန်ကြီးနဲ့ တိုင်ပင်ထားတာလေးကို အကောင်အထည်ဖော်ဖို့ပေါ့။

ရိပေါ်ရဲ့ အဓိက ကြောက်စိတ်က Hope ဂေဟာ နဲ့ ပတ်သက်နေတာမို့လို့ Hope အကြောင်းလေးတွေ မိတ်ဆက်ပေးသွားဖို့ ဆရာကြီးနဲ့ အစီအစဉ်ဆွဲခဲ့ကြတယ်။ ဒီအတိုင်း Hope ကို တည့်တည့်ခေါ်သွားတာမျိုးထက် အရင်ဆုံး ရိ‌ပေါ် စိတ်လုံခြုံမှုရှိတဲ့ အနေအထားလေးကနေစပြီး တဖြည်းဖြည်းချင်း ဆွဲခေါ်သွားဖို့လိုတယ်တဲ့။ ဒါကြောင့် ရှောင်းကျန့်စဉ်းစားခဲ့မိတာက Hope နဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို ဓာတ်ပုံလို၊ ဗီဒီယိုလိုမျိုးလေးတွေ ပြကြည့်ပြီး အရင် မိတ်ဆက်ပေးဖို့ပဲ။

ရှောင်းကျန့် ရိပေါ်တို့ ကုမဏီကို ကားနဲ့ထွက်လာခဲ့လိုက်ပြီး ရောက်ခါနီးမှ Message ပဲပို့ထားလိုက်တော့တယ်။ အံသြသွားဟန်တူတဲ့ ရိပေါ်က မျက်ခုံးပင့်ရင်း စဉ်းစားနေပုံပြတဲ့ Sticker လေးပြန်ပို့တယ်။

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Where stories live. Discover now