ရိပေါ် ဖုန်း Screen ကိုကြည့်မိတယ်။ အမည်းရောင် Screen လေး က ခေါ်ဆိုသူမဲ့ကြောင်းပြနေတယ်။
အခုဆို တစ်ပတ်တောင်ပြည့်တော့မှာ။
ရှောင်းကျန့်ရဲ့ ကားထဲကအထွက် ရိပေါ်
သတိလစ်ပြီး လဲကျသွားခဲ့တာပဲ နောက်ဆုံးမှတ်မိတော့တယ်။ သူဆေးရုံဘယ်လိုရောက်လာ
ခဲ့တယ်ဆိုတာရော၊ ဟိုင်ခွမ်းကောက သူ့ကို ရှန်ဟိုင်းမြို့ပေါ်ကဆေးရုံကို ပြောင်းပေးခဲ့တာရော ဘာမှ သိပ်မမှတ်မိ။ အကုန်လုံးက ဝေဝေဝါးဝါးပဲ။Psychiatrist ကတော့ သူ့မှာဖြစ်တာကို PTSD လို့ သိကြတဲ့ Post Traumatic Stress Disorder လို့ သတ်မှတ်တယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်ခုခုအပြီးမှာ ကျန်ခဲ့တဲ့ အကြောက်လွန်စိတ်ရောဂါ
ကြောင့် Shock ရတယ်လို့တော့ အကျဉ်းချုံးရှင်းပြတယ်။ တကယ်တော့ အကျဉ်းမချုံးပါဘူး။ အတော်ရှည်ရှည်ဝေးဝေး ရှင်းပြရှာပါတယ်။
သူကသာ နားမထောင်ချင်လို့ ခေါင်းကိုက်တယ် အကြောင်းပြ၊ ဟိုင်ခွမ်းကောကို ဆက်နားထောင် ခိုင်းပြီး ထွက်လာခဲ့တာ။တကယ်တော့ ရိပေါ်မှတ်မိသလောက်ဆို
ငယ်ငယ်ကလည်း အဲ့လိုတော့ တခါတလေဖြစ်ဖူးသလိုပါပဲ။ ဘာကြောင့်ဆိုတာ မသိတော့ပေမယ့်ပေါ့။ နောက်ပိုင်း အသက်ကြီးလာတော့ Attack ရတဲ့ Episode က အရမ်းနည်းသွားတာမို့ ထပ်မဖြစ်တော့ဘူးထင်ခဲ့တာ။လောလောဆယ်တော့ သူဒါတွေ မသိချင်သေးဘူး။ ရိပေါ်သိချင်တာက တစ်ခုထဲ။ သူမြင်ချင်နေတဲ့ မျက်ဝန်းကြည်ကြည်လေးတွေနဲ့ လူတစ်ယောက်ကို ဘာလို့ ခုထိမမြင်ရသေးတာလဲ ဆိုတာပဲ။ ရိပေါ် သတိရရချင်း အတွေ့ချင်ခဲ့ဆုံးလူက အခု ဆေးရုံမှာတစ်ပတ် ပြည့်တဲ့အထိ အရိပ်အယောင်တောင်မပေါ်လာသေးဘူး။
ဟိုင်ခွမ်းကောပြောတော့ ရိပေါ်က နှစ်ရက်လုံး သတိလစ်နေခဲ့တာတဲ့။ နှစ်ရက်ဆိုတာ နာရီနဲ့တွက် မယ်ဆို ၄၈ နာရီ၊ မိနစ်နဲ့ဆို ၂၈၈၀ မိနစ်။ မတရားကို ရှည်ကြာတဲ့အချိန်ကြီးလေ။ အသည်းအသန် သေရေးရှင်ရေးအခြေအနေတစ်ခုလို့ သတ်မှတ်လို့ရနေပြီမဟုတ်ဘူးလား? ဒါတောင်မှ ဖုန်းလေး
တစ်ချက်၊ Message လေး တစ်စောင်မပို့၊ သူဆက် တော့လည်း မကိုင်ဘဲ နေနိုင်ရက်တယ်။ လူက
နေကောင်းလာပြီဆိုပေမယ့် ဆေးရုံခန်းကျဉ်းလေးမှာ လူမမာလိုပဲ သွားလာနေထိုင်ရတဲ့အခါ မသိမသာ အားငယ်စိတ်တော့ဝင်မိတာပဲ။
ဒီအချိန်မျိုးမှာ ရခဲ့ဖူးတဲ့ ရင်ငွေ့နွေးနွေးကို သေအောင်လွမ်းပါတယ်။
ESTÁS LEYENDO
Where the Sidewalk Ends (Completed, Yizhan/Zhanyi)
Fanfic(Both in Unicode and Zawgyi) Don't be afraid, just hold my hand I will walk with you Until the very end....