ပန်းခြံထဲက ခုံတန်းရှည်ပေါ်မှာ ၁၄ နှစ်သား ရိပေါ်နဲ့ ၂၀ နှစ်သား ရှောင်းကျန့်ရှိနေကြတယ်။
ရိပေါ်က ရှောင်ကျန့်ပေါင်ပေါ် ခေါင်းအုံးရင်း လှဲအိပ် နေတာ။ မျက်နှာကို နေထိုးတာမို့ လက်မြှောက်ကာလိုက်တော့ အက်ျီလက်တိုက လက်မောင်းရင်းကို လျှောကျတယ်။ အမြန်ပြန်ဆွဲအုပ်ပေမယ့် မျက်စိလျှင်တဲ့ ရှောင်းကျန့်က မြင်တယ်။
"ရိပေါ် ဒီအမာရွတ်က ဘယ်လိုရတာလဲ?"
လက်မောင်းပေါ်က အမြှောင်းလိုက်ဖြစ်နေတဲ့ ဒဏ်ရာက ဓားချက်နဲ့ဆင်တယ်။ ရှောင်းကျန့်
စိုးရိမ်တာက ရိပေါ် သူ့ကိုယ်သူ ထိခိုက်အောင်
လုပ်ထားမှာကိုပဲ။ ဒီလို Self-harm သမားတွေက သေချာ ကုသမှုမခံရင် ပြန်ပြန်ထပ်ကျော့
လုပ်တတ်တဲ့ သဘောဆိုတော့ ကောင်လေးကို
သူစိတ်ပူတယ်။ရိပေါ်က နေရောင်ကာထားတဲ့လက်ကို မျက်နှာပေါ် ကန့်လန့်ဖြတ်တင်ရင်း မျက်လုံးတွေကို အုပ်လိုက် တယ်။ ဒီအကြောင်းကိုပြောဖို့ သူနည်းနည်းတော့ တွေဝေနေတယ်။ ဟိုင်ခွမ်းကောကလွဲလို့ တခြား အပြင်လူကို အသိမပေးဖူးတဲ့ ကိစ္စမို့။
ဒါပေမယ့် ရှောင်းကျန့် ရဲ့ "ကျွန်တော့်ကို ပြောပြပါဦး ရိပေါ်ရယ်" ဆိုတဲ့ အဖျားခတ်တုန်ယင်သွားတဲ့ အသံလေးကြောင့် ပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ရှောင်းကျန့်က သူ့ကိုဆို အလေးထားတာသူ
သိတယ်။ တွေ့စက "ငါ့အစ်ကို မဟုတ်ဘူး" လို့
ပြောမိတဲ့ ရိပေါ်စကားကြောင့် သူ့ကိုယ်သူ အစ်ကိုလို့ နာမ်စား မသုံးဘဲ ကျွန်တော်လို့ပဲ ပြောနေတော့တာ။ အဲ့ဒီလို အလေးထားမှုလေးကို သူလည်းတုန့်ပြန်ပေး ချင်မိတယ်။အနည်းဆုံး ရှောင်းကျန့်တစ်ယောက်ကိုတော့
သူ့ကြောင့် စိတ်မပူစေချင်ဘူး။"ကျွန်တော် ကိုယ့်ဘာကိုယ်လုပ်တာမဟုတ်ပါဘူး။ မားက ပါပါးအိမ်ကထွက်သွားတော့ သူ.. သူ့လက် သူ လှီးဖို့လုပ်တာ။ နည်းနည်းလည်း ထိသွားတယ်။ ကျွန်တော်က အတင်းဝင်ဆွဲတော့ ကျွန်တော့်ကိုပါ ထိသွားတာ။"
အဲ့ဒီနေ့က မြင်ကွင်းကို မြင်ယောင်ရင်း ရိပေါ် မျက်လုံးတွေ စိုစွတ်လာတယ်။ သူ့လက်ဒဏ်ရာက
သွေးတွေထွက်နေတဲ့ကြားက ထပ်မလုပ်ပါနဲ့တော့လို့ မာမားကိုတောင်းပန်ရင်း ရိပေါ်အော်ငိုနေခဲ့မိတာ သတိလစ်မတတ်ပါပဲ။ ဟိုင်ခွမ်းကောသာ
ရောက်မလာရင် သူဒီအချိန်ထိတောင် အသက်ရှင် နေပါတော့မလား မသေချာ။
YOU ARE READING
Where the Sidewalk Ends (Completed, Yizhan/Zhanyi)
Fanfiction(Both in Unicode and Zawgyi) Don't be afraid, just hold my hand I will walk with you Until the very end....