"သမီးဖို့?"
ရိပေါ်ရဲ့ မေးခွန်းဆန်ဆန်သံယောင်လိုက်သံကိုကြားတော့ ပန်းချီဆရာက အမြန်ဖြေရှင်းတယ်။
"အာ ကျွန်တော်မွေးထားတဲ့ ကြောင်မလေးကိုပြောတာပါ။ ကျန်းကော်တဲ့။ ကျွန်တော့်သမီးလေးဆိုတော့ ရှောင်းကျန်းကော်ပေါ့။ ဟားဟား"
ဝမ်ရိပေါ် နောက်ခန်းကို မသိမသာစောင်းငဲ့ကြည့်တော့မှ စုံပလုံနေတဲ့ ကြောင်စာတွေ အရုပ်ကွစိကွစိတွေချည်း။ စောစောက သတိမထားမိလိုက်တာပဲ။ ဒီလူက ကြောင်Crazyထင်ပါ့။ ရိပေါ်လည်းသိပ် တော့မကွာပါဘူး။ သူမွေးထားတဲ့ ယုန်လေးကိုလည်း ဒီလိုပဲအလိုလိုက်ပြီး လျှောက်ဝယ်ပေးနေကျ။
"ကျွန်တော့်အိမ်မှာလည်း အကောင်လေးမွေးထားတယ်။"
"ယုန်လေးလား?"
ပန်းချီဆရာက ကားမောင်းနေရင်းက ပြန်မေးလာတော့ ရိပေါ်အံ့ဩသွားရတယ်။
"ဟုတ်တယ်။ ပန်းချီဆရာရှောင်းက ဘယ်လိုသိတာလဲ?"
"ဝမ်ရိပေါ်က ယုန်လေးအမြဲမွေးချင်ခဲ့တာလေ။"
"ဟုတ်တော့ဟုတ်တယ်... ဒါပေမယ့်.." သူဘယ်လိုဆက်မေးရမယ်မသိဘူး။ (ခင်များက ကျွန်တော့်အကြောင်းတွေ ဘယ်လိုသိလဲ? လိုက်စုံစမ်းထားတာလား?) လို့ပြောလိုက်ရင်လည်း တစ်မျိုးဖြစ်မှာစိုးတာနဲ့ တဝက်တပြက်နဲ့ ရပ်လိုက်ရတယ်။
ဒါကိုရိပ်မိပုံရတဲ့ပန်းချီဆရာက
"အော ကျွန်တော်က ဒီလိုပဲခန့်မှန်းလိုက်တာပါ။ ခွေးဖြင့်လည်း ခွေး၊ ကြောင်ဖြင့်ကြောင် အဲ့လိုမပြောဘဲ အကောင်လေးမွေးထားတယ်ဆိုလို့ ခန့်မှန်းကြည့်လိုက်တာ။ ဒါနဲ့လေ ကျွန်တော့်ကို ပန်းချီဆရာရှောင်းလို့ မခေါ်ပါနဲ့လားဗျာ။ ရှောင်းကျန့်လို့ပဲခေါ်လို့ရပါတယ်။"
သူ့မျက်နှာကို တကြည့်ကြည့်လုပ်ပြီး စကားပြောရင်းကားမောင်းနေတာမို့ ဝမ်ရိပေါ် စကားဖြတ်ပြောရတော့တယ်။
"ခင်များက ကျွန်တော့်ထက် အသက်ကြီးတာသိတယ်။ ရှောင်းကျန့်ဆိုတာတော့ မကောင်းဘူးထင်တယ်။ ဟို.. ရှောင်း.. ရှောင်းကျန့်ကော လို့ခေါ်ကြည့်မယ်။"
YOU ARE READING
Where the Sidewalk Ends (Completed, Yizhan/Zhanyi)
Fanfiction(Both in Unicode and Zawgyi) Don't be afraid, just hold my hand I will walk with you Until the very end....