Chapter 10. (Unicode)

1.9K 293 6
                                    

ရိပေါ်တော့ ပြသနာတက်နေပြီ။

မျက်လုံးလေးတွေက တလဲ့လဲ့လင်းလာလိုက်၊
ညှိုးသွားလိုက်၊ နှုတ်ခမ်းလေးထော်လိုက်၊ ပြုံးလိုက် အမျိုးမျိုးလုပ်ရင်း အရင်တုန်းက အကြောင်းတွေ ပြန်ပြောနေတဲ့ သူ့အရှေ့ကလူကြီးကို တစ်ချက်မှ အကြည့်မလွှဲနိုင်တဲ့ ပြသနာကြီးတက်နေတာ။

ဘဝကသာ ဂျပန် Manga တစ်ပုဒ်ဖြစ်မယ်ဆို
အခုအချိန် ရှောင်းကျန့်ရဲ့ ဘေးနားမှာ ချယ်ရီ
ပွင့်ဖတ်လေးတွေကြွေကျ၊ လေလေးတွေ
တသုန်သုန် တိုက်နေမယ့် ပြကွက်ရောက်ပြီပေါ့။
ပြီးတော့ အဲ့လို ကိုယ်ရောင်ကိုယ်ဝါ တောက်ပ
နေမယ့် အဓိက ဇာတ်လိုက်ကို ကျန်တဲ့သူတွေက ပစ်ကြွေကုန် ကြတဲ့အချိန်ဖြစ်မှာ။

ရိပေါ်လည်း... ရိပေါ်လည်း အခု ကြွေနေမိပြီ
ထင်တယ်။

သူအောက်နှုတ်ခမ်းကို ဖိကိုက်ချလိုက်တယ်။
နည်းနည်းလောက်နာသွားရင် မဟုတ်တဲ့အတွေးတွေမဝင်တော့ဘူးလားလို့။

"ရိပေါ်.. ရိပေါ်ရေ.. ဟေး"

အဲ့ဒီတော့မှ အသိဝင်ပြီး ကြည့်မိတော့ ရှောင်းကျန့်က သူ့မျက်နှာရှေ့နားမှာ လက်တွေကို လှုပ်ပြနေတာ။

"ဘာလဲ?" ရှက်ကိုးရှက်ကန်းနဲ့ ဘုတောမိတော့ ရှောင်းကျန့်က အူကြောင်ကြောင်လေးရယ်ပြတယ်။

"ကားဆီ ပြန်ချင်ပြီလားလို့ပါ။"

"အင်း"

ကားထဲပြန်တော့မှ ပိုဒုက္ခရောက်တော့တာပဲ။
အာရုံလွှဲမယ်ဆိုကာမှ ကားခေါင်းခန်းကျဉ်းကျဉ်းလေးထဲ အတူရှိနေတယ်ဆိုတဲ့ အသိကြီးက ရိပေါ်ကို နှောက်နေတယ်။ လာတုန်းကလည်း တစ်စီးထဲ အတူစီးလာပြီး အခုမှ မနေတတ်မထိုင်တတ်ဖြစ်နေရတယ်။ ပြီးတော့ ရှောင်းကျန့်ဆီက ကိုယ်သင်းနံ့
ခပ်ဖျော့ဖျော့လေးကိုရနေတော့ပိုဆိုး။ သူဒီထက် ရုပ်ပေါက်အောင် မငေးမိခင် မျက်လုံးတွေပိတ်ပြီး ကားထိုင်ခုံနောက်မှီကို မှီချလိုက်တယ်။

ထုံးစံအတိုင်းပဲ ရှောင်းကျန့်က ရိပေါ်ကို ကလေးလေးလို လုပ်နေပြန်တယ်။ "ခါးပတ်ပတ်နော်" လို့ ပြောတာကို ရိပေါ်က မလှုပ်တော့ သူကိုယ်တိုင်ဆွဲပြီး ပတ်ပေးလာတယ်။ ရိပေါ်ထိုင်နေတဲ့ဘက်
ကိုယ်ကိုငုံ့ကိုင်းပြီး ခါးပတ်လှမ်းပတ်ပေးပြီးတာတောင် ရှောင်းကျန့်က နောက်ကိုပြန်မဆုတ်သေးဘဲ ရိပေါ်ရဲ့မျက်နှာကို စူးစမ်းနေတယ်။ ပြီးတော့ ပုခုံးစွန်းလေးကို ဖွဖွထိကိုင်ရင်း

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Where stories live. Discover now