Chapter 4. (Unicode)

2.4K 371 14
                                    

ညစာစားတဲ့တောက်လျှောက်တော့ တိတ်တဆိတ်ပါပဲ။ ရိပေါ်ကလည်း အစားစားတုန်း စကားပြောရတာ မကြိုက်တာနဲ့အတော်ပဲပေါ့။ အမှန်ဝန်ခံရရင် ရှောင်းကျန့်ရဲ့ ဟင်းချက်လက်ရာက တော်တော်ကောင်းပါတယ်။ ဟင်းတွေက ရိပေါ်အကြိုက်တွေချည်းရွေးချက်ထားသလားအောက်မေ့ရတယ်။ အစပ်မစားနိုင်တဲ့ သူ့အတွက် ဟင်းအစပ်တွေသာဆို ဒုက္ခလို့တွေးမိပေမယ့် တကယ်တမ်းစားတော့ အစပ်မပါဘဲ အချိုနည်းနည်းကဲပေးထားတဲ့ ဟင်းတွေပဲမို့ အံကိုက်။

ဆာဆာနဲ့ မဲစားနေတာမို့ ဘေးကလူကိုတောင် မေ့တဲ့အထိ။ ဗိုက်ပြည့်မှ ဘေးမှာ လူရှိမှန်းသတိပြန်ရတယ်။

ရှက်ရှက်နဲ့ပဲ လှမ်းကြည့်တော့ သူစားတာကို ပြုံးပြီးကြည့်နေတဲ့ ရှောင်းကျန့်နဲ့အကြည့်ချင်းဆုံတယ်။ သူ့လက်ရာကို ရိပေါ်အားရပါးရစားတာကို
ကျေနပ်ပီတိဖြစ်နေတဲ့ ပုံစံကအထင်းသား။
ဒီတော့မှ ဘယ်တုန်းကတည်းက ကြည့်နေပါလိမ့်လို့တွေးမိပြီး စားတာကို အရှိန်သတ်လိုက်ရတယ်။
ဗိုက်ကလည်း အတော်တင်းနေမှကိုး။

"နည်းနည်းထပ်စားပါဦးလား။ ဆာနေမှာကို။ စားမကောင်းဘူးလားဟင် ရိပေါ်လေး.. အဲ ရိပေါ်။"

သူလက်နှေးသွားတာနဲ့ တစ်ပြိုင်နက် ဝမ်ရိပေါ်ရဲ့ CCTV ကြီးက စိုးရိမ်တကြီးမေးရှာတယ်။

စားကောင်းတယ် လို့ဖြေဖို့ ပြင်ပြီးမှ၊ ဟင်းချက်
ဒီလောက်ကောင်းနေပုံထောက်ရင် အိမ်ကို ရည်းစားဘယ်နှယောက်တောင် ခေါ်လာကျွေးပြီးပြီလဲမသိဘူးလို့တွေးမိသွားရော။ အဲ့ဒါနဲ့ပဲ ပေကပ်ကပ်
ဉာဉ်လေးကပေါ်လာပြီး

"အင်း.. အရမ်းအဆိုးကြီးမဟုတ်ပါဘူး။" လို့ဖြေပစ်လိုက်တယ်။

(မှတ်ပလား? ခင်များသုံးနေကျ အကွက်တွေ စော်လေးတွေပဲ ကျမယ်။)

ရှောင်းကျန့်က သူ့အဖြေကိုကြားတော့ နှုတ်ခမ်းတွေကို တင်းတင်းဖိပိတ်ပြီး ခေါင်းပဲ
ငြိမ့်ပြတယ်။ ရိပေါ်ထမင်းစားပွဲက ထထွက်လာတော့မှ ခွီးဆိုရယ်ချရော။

မရယ်ဘဲခံနိုင်ရိုးလား။ နှစ်ယောက်စာ ထမင်းတွေကို တစ်ယောက်ထဲ အကုန်နီးပါးကြိတ်သွားပြီး
အရမ်းအဆိုးကြီးမဟုတ်ဘူး ဆိုတော့ကာ၊
ကောင်းပါတယ်လို့ပြောတဲ့အခေါက်ဆို
ရှောင်းကျန့်ကိုပါ ကိုက်စားမယ့်သဘောရှိတယ်။

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Where stories live. Discover now