Chapter 9. (Unicode)

1.9K 299 2
                                    

"ဟွန်း! အဲ့ဒါနဲ့ပဲ ကျွန်တော်တို့က ခင်သွားရောလား? အသားဟင်းချန်ပေးတာနဲ့ပဲလေ? ပေါတောတောနဲ့"

ရိပေါ်က ဘာဂါကို ကိုက်ချရင်း ပလုပ်ပလောင်းပြောနေတာမို့ ဘာဂါထဲက အဆာပလာတွေ ပါးစပ်ထဲက ပြန်ထွက်ကျကုန်တယ်။ ရှောင်းကျန့်ကတော့ ရယ်ပဲရယ်ပြီး တစ်ရှူးလေးနဲ့လှမ်းတို့သုတ်ပေးတယ်။

သူတို့က ကားထဲထိုင်နေကြရင်း ရိပေါ်ဗိုက်ဆာ
တယ်ဆိုလို့ Rest Area က ဘာဂါဆိုင်မှာ ဝင်စားနေကြတာ။ ရှောင်းကျန့်က စားရင်းနဲ့ Foster Home က နေ့စွဲတွေအကြောင်း ရိပေါ်ကို ပြန်ပြောပြတယ်။ တကယ်တော့ ရိပေါ်ဦးနှောက်ထဲမှာ Foster Home နဲ့ပတ်သက်တဲ့ ဘာမှတ်ဉာဏ်မှရှိမနေဘူး။
ရှောင်းကျန့်ပြောတာတွေလည်း တစ်ခုမှမမှတ်မိဘူး။ ဒါပေမယ့် ထူးဆန်းစွာပဲ ဒီလူကိုတော့ သူယုံချင်မိတယ်။ ရှောင်းကျန့်က သူတို့ငယ်တုန်းကအကြောင်းအရာတစ်ခုခုပြောပြတိုင်း သူ့ရင်ထဲ ကြည်နူးသလို ခံစားချက်လေး ဖြစ်သွားတာကိုလည်း သူသဘောကျတယ်။ ဒီလူနဲ့ စကားပြောရင်း အချိန်တွေဖြတ်သန်းနေရတာကိုက သူသဘောအကျဆုံးအချက်ပါပဲ။

ပေါင်းသင်းရလက်ပေါက်ကပ်ပြီး ခင်မင်ရင်းနှီးဖို့
ခက်တယ်လို့ လူတွေသိကြတဲ့ ဝမ်ရိပေါ်ဟာ ရှောင်းကျန့်နဲ့ကျတော့ အရာရာဟာ သဘာဝတကျရှိလွန်းတယ်။ စကားတွေပြောနေတဲ့အခိုက်ဖြစ်ဖြစ်၊ ငြိမ်ငြိမ်သက်သက် မုန့်စားနေတာပဲဖြစ်ဖြစ် အတူတူရှိနေရလို့ စိမ်းသက်ပြီး အနေခက်နေတာမျိုးမရှိဘဲ
သူ့စိတ်ထဲ သက်သောင့်သက်သာရှိတယ်။ 

အသက်သာလွန်ပြီး ပြောပြသမျှကို အရွဲ့တိုက် မေးခွန်းတွေမေးလိုက်၊ မဖြစ်နိုင်ပါဘူးဆိုပြီး Complaint တွေတက်လိုက် လုပ်မိတဲ့အထိပဲ။ ဘာလို့ဆို သူအဲ့လို ဂျစ်တိုက်တိုင်း ရှောင်းကျန့် စိတ်ရှည်လက်ရှည်ပြန်ဖြေရှင်းတာလေး မြင်ချင်လို့။ တခါတခါ ရှောင်းကျန့် စိတ်ရှုပ်ပြီး "မပြောတော့ဘူး" လုပ်ရင်တော့ သူ့မူပိုင် ဂျစ်ပြုံးကြီးပြုံးပြရင်း ပြန်ချော့ရတာပေါ့။

ပြပွဲအောင်မြင်ဖို့တွေ၊ Business Relation အနေနဲ့ပဲ ပတ်သက်မယ်ဆိုပြီး ဝမ်ရိပေါ် လေကြီး
လေကျယ်အော်ခဲ့တာတွေလည်း လေထဲပဲ
ပျောက်သွားပြီထင်ပါရဲ့။ လက်ရှိမှာတော့
ရှောင်းကျန့်ဆိုတဲ့သူနဲ့ပိုရင်းနှီးချင်ပြီး သူတို့ ဘယ်လိုသိကျွမ်းခဲ့တယ်ဆိုတာတွေပဲ ကြားချင်နေတော့တာပဲ။ သူဒီလူနဲ့ Business Relation ဆိုတာထက်
ပိုချင်နေမိပြီလားမသိ။

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Where stories live. Discover now