"ကောက ရိပေါ်ကော မဟုတ်လား? ဝမ်ရိပေါ်ကောကောလေ?"
"ဟုတ်တယ်။ ဒါနဲ့ မင်းက ကိုယ့်ကိုဘယ်လိုလုပ် သိတာလဲ?"
ကောင်လေးက နှုတ်ခမ်းလေးထော်လို့ စိတ်ဆိုးဟန် ပြတယ်။ အခုမှတွေ့တဲ့သူကို လာချွဲနေတာ အရင်ကဆို ရိပေါ်ဒေါသထွက်မိမှာပေမယ့် ဒီ မျက်ခုံးထင်းထင်း မျက်လုံးကြည်ကြည်လေးနဲ့ကောင်လေးကိုတော့ သူစိတ်မဆိုးရက်သလိုပါ။
"အာ ကောကလဲ ကျွန်တော် ဖန်းရှင်းလေ။
ကျန်းဖန်းရှင်း။ လူများတွေကဆို ကျွန်တော့်ကို ငယ်ရုပ်မပျောက်ဘူးဘဲပြောနေကြတာ။ ကော
မမှတ်မိဘူးလား? သေချာကြည့်ပါဦး။""ဖန်းရှင်း?"
ရိပေါ် ရင်းရင်းနှီးနှီးကြားဖူးတဲ့နာမည်လေး။
သူသိပြီ။ ရှောင်းကျန့်ဆီက ကြားဖူးခဲ့တာပဲ။ Hope Foster Home က ကလေးလေး။
မျက်နှာကို မမှတ်မိပေမယ့် ဒီကောင်လေးကို
ကြည့်ရင်း သူ့စိတ်ထဲ ရင်းနှီးလာသလိုပဲ။
ရှောင်းကျန့် ခဏခဏပြောနေလို့လည်းဖြစ်မှာပေါ့လေ။သူ့ဆီက တုန့်ပြန်မှုကို ငံ့လင့်နေတဲ့ ကောင်လေးကို ရိပေါ်ကြိုးစားပြုံးပြလိုက်တယ်။ အတွေးထဲ
ရှောင်းကျန့်အကြောင်းဝင်လာတာနဲ့ သူ မပြုံးနိုင် တော့တာ ဒီကောင်လေးတော့ မသိစေချင်ပါဘူး။"ကောကဗျာ၊ Hope ကထွက်သွားကတည်းက တစ်ခါမှကို ပြန်လာမလည်တော့ဘူး။ စိမ်းကား
လိုက်တာ။"ရိပေါ်အထင်မှန်ကြောင်း နှုတ်ခမ်းလေး စူထော်ရင်း အပြစ်တင်စကားဆိုတဲ့ကောင်လေးက ထောက်ခံတယ်။ တကယ်ပဲ Hope က ဖန်းရှင်းလေးပဲ။သူအနိုင်ကျင့်ခဲ့ဖူးတဲ့ ကလေးလေး ဖန်းရှင်း။
အခုမှပြန်တွေ့တယ်ဆိုပေမယ့် ရိပေါ်ရင်ထဲ ဒီကောင်လေးကို ရင်းနှီးခင်မင်စိတ်တွေ ချက်ချင်းပြည့်လာတယ်။
"ကော တောင်းပန်ပါတယ် ညီလေးရယ်။ စိတ်မဆိုးပါနဲ့။ တောင်းပန်တဲ့အနေနဲ့ ဒီကောကောက အရသာရှိတာတွေလိုက်ဝယ်ကျွေးမယ်လေ? ဘယ်လိုလဲ?"
ရိပေါ် ကောင်လေးရဲ့ ဆံပင်လေးကို ချစ်စနိုးဖွလိုက် မိတယ်။ ကောင်လေးက စိတ်မဆိုးတဲ့အပြင်
ခေါင်းလေးထိုးပေးရင်း ငြိမ်ခံတယ်။
ESTÁS LEYENDO
Where the Sidewalk Ends (Completed, Yizhan/Zhanyi)
Fanfic(Both in Unicode and Zawgyi) Don't be afraid, just hold my hand I will walk with you Until the very end....