Chapter 26. (Zawgyi)

366 69 1
                                    

တိုက်အောက်ကိုရောက်တဲ့အခါ ရိပေါ်က သူသယ်လာတဲ့ ပစ္စည်းတွေကို ကားထဲမြန်မြန်သွားထည့်တယ်။ ပြီးတော့ နောက်ကို ပြန်လှည့်လာပြီး ရှောင်းကျန့်လက်ထဲက ကျန်းကော်ရဲ့ လှောင်အိမ်လေးကို လာဆွဲပြန်တယ်။

"ဒီလောက်ကတော့ နိုင်ပါတယ်ရိပေါ်ရယ်။"

ကျန့်ကောကပြုံးရင်းဆိုတော့ ရိပေါ်က မချိုမချဉ်မျက်နှာပေးနဲ့_ "ကောနာနေမှာစိုးလို့လေ" တဲ့။

ဒီအတိုင်းနားထောင်ရင် စိတ်ပူလို့ပြောတယ် ထင်စရာပေမယ့် ကျန့်ကောရဲ့ ခါးအောက်ပိုင်းကို မေးဆတ်ပြရင်း ပြောလိုက်တဲ့ ပြုံးစစရုပ်ကြီးက သိပ်ကျေနပ်နေမှန်း သိသာပါတယ်။

"မင်း.."

ရှောင်းကျန့်က ဘေးဘီကို ဝေ့ကြည့်လိုက်ရင်း မျက်လုံးကြီးပြူးပြတယ်။ ကားအကောင်းစားကြီးနဲ့ ရောက်လာတယ် ဆိုကတည်းက အိမ်နီးနားချင်းလူကြီးမင်းတွေက မသိမသာရော သိသိသာသာပါ စပ်စုနေကြတာလေ။ ဒီကောင်လေးက မထော်တရော်တွေပြောချလိုက်ရင် အရှက်က ကွဲရချည်ရဲ့။

ရိပေါ်နှုတ်ခမ်းကြီးထော်ပြလိုက်တယ်။

"ကောက အရင်ကတော့ ရိပေါ်လေးဆို၊ ကလေးလေးဆို။ အခုကျတော့ မင်း တဲ့လား? လိုချင်တာရပြီးတော့ အဲ့လိုလား?"

"အာ.. ရိပေါ်ရာ" ကျန့်ကော ခမျာ မျက်နှာကြီးနီလို့ ကားထဲကို အမြန်ပြေးဝင်ရတော့တယ်။

________________________

ရိပေါ်တို့အိမ်ကိုရောက်တော့ ပထမဆုံး လုပ်ရတဲ့အလုပ်က ကျန်းကော်နဲ့ ရိပေါ်မွေးထားတဲ့ ယုန်လေးကို မိတ်ဆက်ပေးရတာပဲ။ တိရစ္ဆာန်လေးတွေမှာလဲ နယ်နမိတ်နဲ့ပတ်သက်ပြီး အပိုင်သတ်မှတ်တာမျိုးတွေ ရှိတတ်တော့ မသင့်မြတ်မှာစိုးရတယ်လေ။

ရိပေါ်ရဲ့ ယုန်က Lionhead ယုန်မျိုးလေး။ လည်ကုတ်နားက အမွေးလေးတွေက ရှည်ရှည်လေးမို့ ခြသ်လေ့ည်ဆံမွေးလေးတွေလိုပဲ။ အကောင်လေး သေးသေးပေမယ့် အဆော့ကတအားသန်။ သူ့ရဲ့ ခြံလေးထဲမှာ တောင်ပြေးမြောက်ပြေးလုပ်နေတာမို့ ရှောင်းကျန့် သူသမီးလေးအတွက် စိတ်ပူနေမိတယ်။ ကျန်းကော်လေးက သူ့အဖေလို အေးအေးငြိမ်ငြိမ်လေးနေတတ်တာ။ ဖအေရော သမီးပါ သူတို့သားအဖ အနိုင်ကျင့်တာခံရရင်တော့ မဖြစ်သေးဘူးလေ။

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Where stories live. Discover now