Chapter 17. (Unicode)

1.7K 276 8
                                    

(Trigger Warning : Mention of Suicide.
ဒီအခန်း မှာ Suicide အကြောင်းအနည်းငယ်
ထည့်သွင်း ဖော်ပြထားတာမို့ စိတ်မသက်မသာ
ဖြစ်မယ်ထင်ရင် မဖတ်ဘဲ ကျော်လိုက်ဖို့
မေတ္တာရပ်ပါတယ်။)
_____________________

ရိပေါ် ငိုင်ကျသွားတာမို့ ဖန်းရှင်းလေးက အာရုံလွှဲတဲ့အနေနဲ့ အခြားအကြောင်းကို ဆက်ပြောတယ်။

"ကော ဒါဆို ကျွန်တော်တို့ အက်ျီပန်းရောင်လေးတွေ ဖြစ်သွားတာကိုရော? အစကတော့လေ
ပန်းရောင်ကြီး မဝတ်ချင်ပေမယ့် ရုပ်ခံလေး
ရှိနေတော့လည်း လိုက်သွားတာပဲ။ ဟဲဟဲ"

ပြောင်စပ်စပ်လေးလုပ်ပြနေတာမို့ ရိပေါ် ပြုံးမိသွားတယ်။ ဟုတ်သားပဲ။ ဒီကလေးလေးကို ထမင်းစားပြီး အပြန်ကျ အက်ျီတွေ ဝင်ဝယ်ပေးဖို့ ရိပေါ်
တေးမှတ်ထားလိုက်တယ်။ စတိုးဆိုင်ထဲမှာတုန်းက မသိသာပေမယ့် ဝန်ထမ်းဝတ်စုံချွတ်လိုက်တဲ့အခါ အောက်က ဝတ်ထားတဲ့ တီရှပ်လေးက ခပ်နွမ်းနွမ်းရယ်။

ရိပေါ်က ဖန်းရှင်း ပန်းကန်ထဲဟင်းတွေထပ်ဖြည့်ပေးမိတော့ ဖန်းရှင်းက ထည့်ပေးတဲ့ ဟင်းကိုကြည့်ပြီး အာပေါင်အာရင်းသန်သန်ပဲ စကားဆက်တယ်။

"တကယ်တော့ ဝက်ချိုချဉ်ကြော်ကလေ
ရှောင်းကျန့်ကော ကြော်တာအကောင်းဆုံးပဲ။ ကျွန်တော်တို့လည်း အစကတော့အရမ်းကြိုက်။ ဒါပေမယ့်လေ အဲ့ဒါကြော်တဲ့နေ့ဆို ရိပေါ်ကောက ထမင်းများများစားလို့ဆိုပြီး ကျန့်ကောက ခဏခဏကိုကြော်ကျွေးလို့ နောက်ကျ မကျွေးပါနဲ့တော့
တားယူရတယ်သိလား။"

သက်ပြင်းသဲ့သဲ့ချရင်း ဒီအကြောင်းလည်း သူ
မမှတ်မိကြောင်း ဝန်ခံရပြန်တယ်။

"ဒါဆို ကောက Hope ကို နည်းနည်းလေးတောင် မမှတ်မိတော့တာလားဟင်? ဘယ်အထိ မှတ်မိလဲ?"

"ဘာမှကို မမှတ်မိတော့တာပါ ညီလေးရာ။"

"ဒါဆို ကောရဲ့ မာမား Suicide မလုပ်သွားခင်ကအကြောင်းတွေရော ဘာမှမသိတော့ဘူးပေါ့?"

ရုတ်တရက် ရိပေါ် အာခေါင်တွေခြောက်သွေ့သွားသလိုပဲ။ လည်မြိုကလည်း ဖိညှစ်ခံလိုက်ရသလိုမျိုး တစ်ဆို့ပြီး တင်းကြပ်လာတယ်။

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Hikayelerin yaşadığı yer. Şimdi keşfedin