Prologue (Unicode)

8.7K 530 11
                                    

"ဆရာ အဲ့ဒါက.. နည်းနည်း.."

ဝမ်ရိပေါ်တစ်ယောက် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ သူ့အတွင်းရေးမှူးကို မျက်မှောင်ကြုံ့ကြည့်လိုက်တယ်။ ကြည့်ကာမှပဲ ပိုဆိုးသွားသလားမသိ။

"အခု ပြပွဲအတွက် ပန်းချီဆရာက.. ဟို"

သူစိတ်မရှည်စွာဘဲ ဖြတ်ပြောလိုက်တော့တယ်။
"လက်တွဲမလုပ်ဖြစ်ဘူးလို့ ပြောချင်တာ မဟုတ်လား?"

သူ့စကားအဆုံးမှာ အတွင်းရေးမှူးက လက်တကာကာနဲ့ အမြန်ငြင်းတယ်။

"လုံးဝမဖြစ်တာတော့မဟုတ်ပါဘူးဆရာ။ ဒီပြပွဲအတွက် Main Artist အနေနဲ့ပါဖို့ သဘောတူပါတယ်တဲ့။ ဒါပေမယ့် သူ့ဘက်ကတောင်းဆိုတာလေးတစ်ခုရှိနေလို့ပါ"

"လိုရင်းကိုပြော"
စကားက တစ်ခွန်းက နှစ်ခွန်းဖြစ်လာရင်စိတ်မရှည်ချင်တော့တဲ့ သူ့ဝသီအတိုင်း လေသံကမာလာတယ်။

ပါးရဲ့ ဒီ Art Gallery ကို Curator အဖြစ်တာဝန်လွှဲပေးကတည်းက ဝမ်ရိပေါ်ဆိုတာ အောင်မြင်တဲ့ ပွဲတွေကို တာဝန်ယူလာခဲ့တာ။ Art နယ်ပယ်စုံက Artist ပေါင်းစုံနဲ့လည်း Collaboration တွေ အပွဲပွဲနွှဲလာပြီးသားမို့ အနုပညာရှင်တွေရဲ့ သူမတူဆန်းပြားတဲ့ တောင်းဆိုချက်တွေကို နောကျေသလောက်ရှိနေပြီ။

ပြပွဲလာတဲ့သူတွေအားလုံး အဝါရောင်ပဲ ဝတ်လာရမယ်ဆိုလို့ ဖိတ်စာမှာ Dress Code အဝါဝတ်ရန် လို့ထည့်ပေးရတာမျိုး၊ သူ့ရဲ့ Art Piece တွေထဲကမှ ဘယ်နေ့မှာ ဘယ်တစ်ခုကိုပြပြီး ဘယ်နေ့မှာ ဘာမပြရဘူးဆိုတာမျိုးလို အထူးတထွေတောင်းဆိုချက်တွေကြုံဖူးပြီးသားမို့ အခုဆို ဘာတောင်းဆိုတာပဲဖြစ်ဖြစ် သူ့ကို မအံ့ဩစေနိုင်တော့ဘူး ထင်တာပဲ။

"သူက ကျွန်တော်တို့ ကမ်းလှမ်းတဲ့ Offer တွေ Terms တွေအားလုံးကို သဘောတူပါတယ်တဲ့။ တစ်ခုပဲ၊ ဆရာက သူပန်းချီဆွဲဖို့ Model အဖြစ် တစ်ပတ်သွားလုပ်ပေးရပါမယ်တဲ့"

"ဘာ? ငါ.. ငါက?"

ဒီတစ်ခါ အထစ်ထစ်အငေါ့ငေါ့ဖြစ်ရတာက ဝမ်ရိပေါ် ပါပဲ။ ဘာဆက်ပြောရမှန်းမသိအောင်ကို Shock ရသွားတာ။ ဘာကြောင့်မှ မအံ့ဩနိုင်တော့ဘူးဆိုတဲ့စကားကို ပြန်ရုတ်သိမ်းရတော့မယ်။ အရင်အခေါက် Demand တွေက ထူးဆန်းတယ်ဆိုတာ ဒါနဲ့ယှဉ်ရင် ဘာမှမဟုတ်သေးဘူးပဲ။ ဘယ်လို အကျိုးနည်းတောင်းဆိုချက်ကြီးလဲ?

"သူ.. သူက ဘာဖြစ်တယ်?"

သူ့မေးခွန်းကို အတွင်းရေးမှူးက ငါတို့ဆရာချေချေတော့ထိပြီဆိုတဲ့ပုံစံနဲ့ ကျိတ်ပြုံးလေးပြုံးပြီး
ပိုင်ပိုင်နိုင်နိုင်ကြီးဖြေချတယ်။

"ဆရာ့ကို သူပန်းချီဆွဲချင်တယ်တဲ့ခမျ။ အဲ့ဒါကို
လက်ခံမယ်ဆို သူချက်ချင်း စာချုပ်လက်မှတ်ထိုးပေးပါမယ်တဲ့။ အဲ့ဒီတစ်ချက်ကို လက်ခံရင် လက်ခံ၊ လက်မခံနိုင်ရင်တော့ ဆက်ဆွေးနွေးဖို့မလိုတော့ဘူးပြောပါတယ်။ အဲ့ဒီတော့ ဒီပွဲဖြစ်ဖို့က ဆရာ့အပေါ်မှာပဲ မူတည်ပါတော့တယ်။"

____________________________

Writer's Note: ငယ်ငယ်က ပုံလေးတစ်ခုဆွဲပြီးရင် အိမ်က လူကြီးတွေ၊ သူငယ်ချင်းတွေကို ကိုယ့်လက်ရာလေး လိုက်ပြမိသလိုမျိုး၊ အခုကြီးလာတော့လည်း စာလေးတစ်ခုရေးဖြစ်ရင် လူများတွေကို လိုက်ပြချင်၊ ဖတ်ကြည့်စေချင်တဲ့စိတ်လေးနဲ့ ဒီမှာလာတင်ထားတာပါ။ ဖတ်ပေးကြမယ်၊ သဘောကျရင် Vote လေးပေးသွားမယ်ဆိုတာလောက်ပဲ မျှော်လင့်ခဲ့ပေမယ့် ဖတ်ပေးရုံတင်မကဘဲ တခြားသူတွေကိုပါ ဖတ်ဖို့ညွှန်းပေးတယ်၊ အားပေးစကားလေးတွေပြောပေး၊ Comment တွေ၊ DM တွေပို့ပေးကြတာမို့ အရမ်းဝမ်းသာပြီး ကျေးဇူးတင်ရပါတယ်။ (အထူးသဖြင့် My Fairy Godmother ကိုပါ။ ဝေါ်အိုက်နီ ဆိုးမတ်နော်။) အပိုပြောတာမဟုတ်ပါဘူး။ ကိုယ်ဝါသနာပါတာလေးကို ဆက်လုပ်ဖြစ်အောင် အားပေးတဲ့သူတွေရှိတယ်ဆိုတာ တကယ်ပဲ ကျေးဇူးတင်စရာကိစ္စပါ။ Covid ကြီး ပြီးသွားရင် တစ်အိမ်တက်ဆင်း အာဘွားလိုက်ပေးပြီး ကျေးဇူးဆပ်ပါ့မယ်နော်။ ခုတော့ အကြွေးမှတ်ထားပေးပါ။ 😁

This work of fiction is dedicated to all the readers and to Yizhan/Zhanyi's untamed love.

Sincerely yours,
Caramel Popcorn

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Where stories live. Discover now