Chapter 5. (Zawgyi)

572 119 1
                                    

ရိပေါ် ရဲ့ တွေတွေဝေဝေ မေးသံလေးအဆုံးမှာ ရှောင်းကျန့် နှလုံးသားက ဟိုးအောက်ဆုံးအထိပြုတ်ကျသွားတယ်။ ရိပေါ်မျက်ဝန်းတွေက
လမ်းပျောက်နေတဲ့သူလိုမျိုး သူ့ဆီက အဖြေကို အားကိုးတကြီးငံ့လင့်နေလိုက်တာ။

ရှောင်းကျန့်သူ့ကို မော့ငေးနေတဲ့ ကောင်လေးရဲ့
ပါးလေးနှစ်ဖက်ကို အသာအယာအုပ်ကိုင်လိုက်
တယ်။ ဒီကလေးလေးက သူ့ကို တကယ်
မမှတ်မိဘူးပဲ။

ရှောင်းကျန့် ဆိုတဲ့ဖြစ်တည်မှုက ရိပေါ်ဘဝထဲ
နည်းနည်းလေးလောက်တော့ ထင်ကျန်နေကောင်းပါရဲ့လို့ မျှော်လင့်ခဲ့ဖူးပေမယ့် တကယ်တမ်းတော့ သူက ဘာကောင်မှမဟုတ်ခဲ့တာပဲလေ။

"ရိပေါ်က ကျွန်တော့်ကို တကယ်ကို မသိတော့ဘူးပေါ့"

ရိပေါ်ကို မေးတဲ့မေးခွန်းဆိုပေမယ့် တကယ်တမ်း
ထွက်ကျလာတဲ့အသံက သူ့ကိုယ်သူ ပြန်အသိပေးတဲ့ သဘောဆန်တယ်။ ဝမ်းနည်းရိပ်စွန်းနေတဲ့ စကားသံခပ်တိုးတိုးမှာ ရိပေါ်ရင်ထဲပါ နွမ်းလျသွားရတယ်။ ပြီးတော့ ဒီလူ ဒီလိုဝမ်းနည်းသွားရတာ
သူ့ကြောင့်ဆိုတဲ့အသိက သူ့စိတ်ကို ပိုပြီး
လေးပင်လာစေတယ်။

ရှောင်းကျန့်က ရိပေါ်ရဲ့ ပါးပေါ်က လက်ကလေးကို ပြန်ဖယ်သွားတယ်။ ပြီးတော့ ခေါင်းကိုငုံ့ပြီး
လှည့်ထွက်ဖို့ပြင်တယ်။

(မရဘူး။ ဒီလိုရှောင်ပြေးလို့မရဘူး ရှောင်းကျန့်။ ကျွန်တော် ခွင့်မပြုနိုင်ဘူး။)

ရိပေါ်  ငုံ့ချထားတဲ့ ရှောင်းကျန့်ရဲ့ မျက်နှာလေးကို ပင့်မော့စေလိုက်တယ်။ ပြီးတော့ မျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ပြီး

"ဒါဆို ခင်များက တာဝန်ယူပေးပေါ့။ တာဝန်ယူပြီး ကျွန်တော်ပြန်မှတ်မိအောင်လုပ်ပေး"

ဦးနှောက်က မမှတ်မိနေပေမယ့် ရိပေါ် သူ့နှလုံးသားကို သူယုံချင်တယ်။ အခုမှတွေ့တဲ့သူ ဆိုပေမယ့် ရှောင်းကျန့်အနားမှာရှိနေတယ်ဆိုတဲ့အသိနဲ့တင် သူစိတ်အေးလက်အေး အိပ်ပျော်နိုင်တာ၊ နွေးထွေးလုံခြုံမှုကိုခံစားရတာ၊ ပြီးတော့ ရှောင်းကျန့်ရဲ့ သူ့ကိုအရိပ်တကြည့်ကြည့် ဂရုစိုက်ပေးတတ်တာတွေရယ်၊ ဒီလို ဂရုစိုက်မှုတွေကလည်း သူ့စိတ်ထဲစိမ်းသက်မနေတာ၊ ဒါတွေအားလုံးမှာ သေချာပေါက် အကြောင်းရင်း ရှိရမယ်။

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Where stories live. Discover now