Chapter 2. (Unicode)

2.7K 411 37
                                    

ဝမ်ရိပေါ် စားပွဲပေါ်က Intercom ကို နှိပ်ပြီး အခန်းအပြင်က သူ့အတွင်းရေးမှူးဆီကိုခေါ်မိပြန်တယ်။ ဒီမနက်အတွက် ၄ ကြိမ်မြောက်ပဲ။

"ငါ့ဆီဆက်တဲ့ဖုန်းမဝင်ဘူးလား?"

"မဝင်ပါဘူးဆရာ။ တစ်ယောက်ယောက်ဆီက
ဖုန်းလာဖို့များရှိလို့လား?"

"မရှိပါဘူး"

ဖုန်းပြန်ချလိုက်တယ်။ နည်းနည်းလည်း စိတ်ထဲဖုသွားသလိုပဲ။ ညစ်တယ်ပဲပြောပြော သူ အဲ့ဒီ "တစ်စုံတစ်ယောက်" ဆီက ဖုန်းကို မျှော်နေမိ
တယ်ဆိုတာလည်း ဝန်မခံချင်ပြန်ဘူး။

ဝမ်ရိပေါ်တို့က တခါတလေလည်း ပေကပ်ကပ်နဲ့။

တကယ်တော့ အခုမှ မနက် ဆယ်နာရီခွဲပဲရှိသေးတာပါ။ ဒါပေမယ့် သူ့စိတ်ထဲ ဟိုလူက မနက်
ရုံးဖွင့်ဖွင့်ချင်း ဆက်လာမယ်ထင်ထားတာ။

အေးလေ။ ဖုန်းမဆက်လာဘူးဆို သူလည်း
သွားစရာမလိုဘူး။ ပိုတောင်ကောင်းသေး။

ဂရုမစိုက်သလို အထာနဲ့ ပခုံးကိုတစ်ချက်
တွန့်လိုက်တယ်။ ဘယ်သူမှမမြင်မှန်းသိပေမယ့်ပေါ့။ ပြီးတော့ အလုပ်ကိုပဲ ပြန်အာရုံစိုက်
လိုက်တော့တယ်။

၁၁:၄၅ မှာတော့ သူ့အတွင်းရေးမှူးဆီက
Intercom call ဝင်လာတယ်။

"ဆရာ.. မစ်စတာ ရှောင်း.."

"ရှောင်း" လို့ကြားလိုက်တာနဲ့ စကားတောင်
မဆုံးသေး ဝမ်ရိပေါ် ဖုန်းကို အမြန်ကိုင်လိုက်
မိတယ်။

"ဖုန်းလွှဲပေးလိုက်..ပြောမယ်၊ သူနဲ့ပြောမယ်။
လွှဲလိုက်"

ဖုန်းခွက်ထဲကို Rap မရွတ်ရုံတမယ် ကမူးရှူးထိုးတွေပြောပြီး ခနနေတော့ "ဟယ်လို" ဆိုတဲ့ အသံလေးကို ကြားလိုက်ရတယ်။ ဖုန်းထဲမှာမို့ နည်းနည်း Metallic သံပေါက်နေပေမယ့် အသံက ချိုနေတုန်းပဲ။

ဝမ်ရိပေါ် သူ့ရဲ့ Trademark တစ်ခြမ်းစောင်းအပြုံးကြီးကို ပြုံးမိတယ်။ ဘာလို့မှန်းမသိ တစ်ခုခုကို အနိုင်ရတဲ့ခံစားချက်ကြီး။ ဖုန်းကို နည်းနည်းခွါလည်ချောင်းရှင်းပြီးမှ လေသံမာမာနဲ့ပြန်ဖြေ
လိုက်တယ်။

"ဝမ်ရိပေါ် ပြောနေပါတယ်"

"အော် ကျွန်တော်က အတွင်းရေးမှူးနဲ့ပဲ ဆက်သွယ်
ရမယ်ထင်နေတာ။ မနေ့ကပြောသွားတယ်လေ။ ဝမ်ရိပေါ်က အလုပ်မရှုပ်နေဘူးလား?"

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Where stories live. Discover now