Chapter 7. (Zawgyi)

501 107 1
                                    

ရိပေါ် အခြားကလေးတွေနဲ့ အခန်းကျယ်ထဲမှာ
ရောအိပ်ဖို့ အဆင်မပြေတာစိုးတာမို့ အဘွားက ရှောင်းကျန့်နဲ့ပဲ တစ်ခန်းထဲထားဖို့ဆုံးဖြတ် တယ်။ ဂေဟာမှူးရဲ့ မြေးဆိုပြီး တခြားကလေးတွေထက်
ပိုရတဲ့ အခွင့်အရေးဆိုလို့  သူ့မှာ ကိုယ်ပိုင်အခန်းလေးနဲ့နေရတာ တစ်ခုထဲရယ်။ အခုတော့ အဲ့ဒီအခွင့်အရေးကိုပါဆုံးရှုံးရတော့မှာပဲ။ စိတ်ညစ်မိတယ်
ဆိုပေမယ့် သူမလွတ်လပ်တော့မှာထက် သူ့အခန်းကျဉ်းမှာ ဂျစ်ကန်ကန်မြို့ကြီးသားလေး မနေ
တတ်မှာကိုပဲ ရှောင်းကျန့် ပိုအားနာရပါတယ်။

ပထမဆုံးညမှာပဲ ကလေးအငယ်တွေကို သိပ်ပြီး
သူ့အခန်းကိုပြန်ရောက်တော့ ရိပေါ်က အိပ်ရာ ဝင်နေပြီ။ "Good night" လို့ခပ်တိုးတိုးနှုတ်ဆက်
ရင်း ညမီးလေးပဲချန်ပြီး မီးပိတ်ပေးထား
လိုက်တယ်။ သူကတော့ မအိပ်နိုင်သေးဘူး။ အခုမှ နားချိန်ရတာဆိုတော့ သူဝါသနာပါတဲ့ ပန်းချီပုံတွေဆွဲချင်သေးတာ။

စားပွဲတင်မီးလေးဖွင့်ပြီး ပုံဆွဲကောင်းနေလိုက်တာ အချိန်အတော်လွန်မှ အိပ်ရာဝင်ဖို့သတိရတယ်။

အကျောဆန့်ရင်း စားပွဲက ထလိုက်တော့ ညည်းသံတိုးတိုးလေးကိုကြားလိုက်ရတယ်။ အော်ဟစ်တာမျိုးမဟုတ်ဘဲ ဒဏ်ရာရနေတဲ့ ခွေးကလေးတွေ အီသလိုမျိုး နာနာကျင်ကျင် ညည်းနေရှာတာ။

ရိပေါ်လေး အိပ်ရင်းယောင်နေတာပဲ။

စောင်တွေလည်း ကန်ချထားတာမို့ အိပ်ရာနားသွားပြီး ပြန်ခြုံပေးဖို့လုပ်တော့ ကောင်လေးက ချွေးတွေလည်းရွှဲလို့ သူ့အက်ျီရင်ဘတ်နေရာနား ကို တင်းတင်းဆွဲဆုပ်ထားတယ်။ ဘယ်တုန်းကတည်းက ဒီလိုဖြစ်နေပါလိမ့်။ ရှောင်းကျန့် ခုနက ပုံထဲစိတ်ရောက်နေလို့ မကြားတာဖြစ်မယ်လို့တွေးမိတော့ ပိုသနားသွားရတယ်။

အက်ျီကိုဆုပ်ထားတဲ့ လက်ချောင်းလေးတွေကို အသာဖြေရင်း တိုးဖွဖွခေါ်နှိုးမိတယ်။

"ဝမ်ရိပေါ်.. ရိပေါ်လေး။ ထပါဦး။ အခုက ရိပေါ်လေး အိပ်မက်မက်နေတာ။ တကယ်
မဟုတ်ဘူးနော်။ မျက်လုံးဖွင့်ကြည့်ပါဦး။"

အင့်ခနဲ အသံလေးနဲ့အတူ ရိပေါ်မျက်လုံးတွေပွင့်လာတယ်။

ပြီးတော့ ငုတ်တုတ်လေး ထထိုင်ရင်း အဝေးကနေ အမောတကောပြေးလာတဲ့သူလိုမျိုး အသက်ပြင်းပြင်းရှူတယ်။ နဖူးမှာလည်း ချွေးသီးချွေးပေါက်တွေနဲ့။ ငိုချမိတော့မလို မျက်နှာလေးဖြစ်သွားပေမယ့် ဘေးမှာ တစ်ယောက်ယောက်ရှိနေမှန်းသတိရသွားပုံနဲ့ မျက်နှာကို ပြန်ထိန်းတယ်။ ဘာမှမဖြစ်သလို မထုံတတ်တေး ရုပ်လေးချက်ချင်းပြောင်းသွားလိုက် တာ။

Where the Sidewalk Ends (Completed, Yizhan/Zhanyi)Où les histoires vivent. Découvrez maintenant