Remember me 3

1.1K 153 20
                                    

[Unicode]

"ကလင် ကလင် ကလင်"

ဧည့်ခန်းထဲရှိ ဖုန်းက အဆက်မပြတ်မြည်နေ၍ လုပ်လက်စအား ထားကာ လွမ်းလတ်နောင် သွားကိုင်လိုက်သည်။

"ဟဲလို"

"ဟဲလို လတ်ကလေးရေ တီဝေပါ"

ကြည်လင်ချိုသာနေသည့် အသံကြောင့် လွမ်းလတ်နောင် ပျော်ရွှင်သွားရသည်။

"ဟာ တီဝေ ရောက်နေပြီလား"

"ဟုတ်တယ်။ လတ်ကလေးဖို့လက်ဆောင်တွေ ၀ယ်လာတယ်။ မြန်မြန် လာယူ"

"ဟုတ် တီဝေ။ ခုချက်ချင်း လာခဲ့မယ်"

စိတ်အားထက်သန်နေသော အသံကြောင့် တီဝေက ခပ်တိုးတိုးရယ်သည်။

"ဟုတ်ပါပြီ။ လတ်ကလေးနဲ့ ပြောစရာတွေလည်း အများကြီးရှိတယ်။ ရောက်မှ ပြောကြမယ်နော်"

"ဟုတ် ဟုတ်"

ဖုန်းကျသွားသည်နှင့် မီးဖိုခန်းထဲရှိ မေမေ့ဆီ ခုန်ပေါက်ကာ ပြေးသွားလိုက်တော့၏။ မေမေက သူ့ကို သတိထားမိပုံ မရသဖြင့် အနောက်မှ ဖက်လိုက်သောအခါ အလန့်တကြား ထအော်‌လေသည်။

"ဟဲ့ဟဲ့ မကြီးမငယ်နဲ့။ ဘာဖြစ်လာတာလဲ"

သိမ်းဖက်ကာ မွှေ့ခြင်း ခံနေရလျှင် မေမေက ရယ်ရင်းမှ ရုန်း၏။

"ဖယ်စမ်းပါ ငလတ်ကောင်ရယ်"

"တီဝေ ရောက်နေပြီတဲ့။ လက်ဆောင်တွေလည်း ပါလာတယ်တဲ့ မေမေ"

မေမေ့မျက်ခုံးများက အံ့ဩမှုကြောင့် မြင့်တက်သွားလေသည်။

"ဟယ် ရောက်နေပြီလား။ မနက်မှ ရောက်မယ် ထင်နေတာ။ ဒါဆို သားသွားနှင့်။ ညနေမှ ကိုမြတ် ရုံးဆင်းအပြီး မေမေတို့ လာခဲ့မယ်"

"ဟုတ်ဟုတ်"

ထို့နောက်တွင်တော့ သိပ်မသွားချင်သော လွမ်းလတ်နောင်သည် အလျင်အမြန်ပင် အ၀တ်အစားလဲကာ ကားဂိတ်ဆီ ပြေးလာခဲ့တော့၏။

နိုင်ငံခြားမှ အိမ်ပြန်လက်ဆောင် မပါလာသော်လည်း အဒေါ်ဆီကတော့ သူ့အတွက် ရည်စူးထားသည်များကို လိုချင်သေးသည်။ စဉ်းစားကြည့်တော့ သူဘယ်သူ့ဖို့ ဘာမှမ၀ယ်ဘဲ လက်လွတ်ကိုယ်လွတ် ပြန်လာခြင်းပင်။ သို့သော်လည်း ဒါကို တီဝေက သိမည်မဟုတ်။ သူမပါတာက မပါတာပဲ ဖြစ်သည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now