[Unicode]
လေယာဉ်ပေါ်သို့ စတင်ခြေချမိသည်နှင့် သူ့ရင်က အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ သုံးနှစ်တာ ပညာတော်သင်ကာလ ပြီးဆုံး၍ ယခုအခါ အမိမြေသို့ အပြီးအပိုင် ပြန်ရပေတော့မည် မဟုတ်ပါလား။ ပီတိအဟုန်နှင့် ခုံအမှတ် B-13 ကို ရှာဖွေကာ ထိုင်ချမိတော့ သူနှင့်အတူ ကျသည်က နိုင်ငံခြားသားတစ်ဦး ဖြစ်သည်။
"ဘာများ အလိုရှိပါသလဲရှင်"
ပြုံးချိုသော လေယာဉ်မယ်လေးက သူတို့အနားတွင် လာရပ်ကာ ပျူငှာစွာ ဆိုသည်။
"မယူသေးပါဘူး ခင်ဗျ။ ကျေးဇူးပါပဲ"
တခြားခုံများဆီ ဆက်သွားသည့် လေယာဉ်မယ်လေးကို နောက်ပြန်လိုက်ကြည့်ရင်းမှ ဘေးနားက လူအား သတိရသွားသဖြင့် ဟန်ကိုယ့်ဖို့ပြီး ရှေ့ပြန်လှည့်နေလိုက်သည်။ နှာဘူးမဟုတ်သော်လည်း လှတာလေးတွေမြင်ရင် ငမ်းချင်သော ၀သီတစ်ခု သူ့၌ရှိ၏။
သူ့ဘေးနားရှိလူမှာ ကမ္ဘာလှည့်ခရီးသည် သို့မဟုတ် အပန်းဖြေခရီးသည် တစ်ဦးနှင့် တူလှသည်။ လည်ပင်းတွင် အမျိုးအစားကောင်းသော ကင်မရာတစ်လုံးကို ဆွဲထားပြီး သူ့ကျောပိုးအိတ်မှာလည်း များပြားလှသော ပစ္စည်းများ ပါရှိဟန်ဖြင့် ကြီးမားလှသည်။
"Hi"
"Hi"
"ဘယ်နိုင်ငံက လာတာလဲ Mr."
"အာ Maxico ကပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ဘယ်သွားမလို့လဲ Mr."
"မြန်မာကိုပါ မင်းသိလား"
"သိပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံသားပါ"
"Wow...မြန်မာနိုင်ငံသားလား"
"ဟုတ်တယ်ဗျ။ အလည်လာတာလား။ ဘယ်တွေ သွားမယ် စဉ်းစားထားလဲ"
သူမေးလိုက်သည်နှင့် တစ်ပြိုင်နက် Mr. က မြေပုံစာရွက်ကို ထုတ်ကာ မြန်မာနိုင်ငံ အနှံ့အပြားသို့ လက်ညိုးညွှန်ပြသည်။ လမ်းကြောင်းမှာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းစသော မြန်မာပြည် အလယ်ပိုင်းမှသည် ဟိုးကချင်လည်း ပါသည်၊ တနင်္သာရီလည်း ပါသည်။
YOU ARE READING
အစိမ်းရင့်ရောင် စာမျက်နှာ { Completed }
Teen Fictionဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်ခိုင်မာရာဖြစ်သည်။ 📖 15/12/2020 - 13/3/2021 ✍️ 16/07/2020 - 24/10/2020