I lost him this way!

950 119 12
                                    

[Unicode]

"ဟင့်အင်း။ ဟင့်အင်း။ ဦး၊ ဦး..."

ခေါင်းအုံး တစ်ခုလုံး စိုရွှဲကာ နိုးလာပြီးနောက်တွင် ကိုယ့်ရင်ဘတ်ကို ကိုယ်ထုကာ လွမ်းလတ်နောင် ငိုမိတော့သည်။ တစ်လျှောက်လုံး မေ့နေခဲ့သည့် အကြောင်းအရင်း၊ အချစ်ဆုံးကို မေ့နေခဲ့ရသည့် အကြောင်းအရင်း၊ ရတနာရွှေကြုတ်ထဲမှာ ထည့်သိမ်းထားချင်သည်ဟု ဆိုခဲ့သော်လည်း မေ့နေခဲ့သော အကြောင်းအရင်းသည်၊ အကြောင်းအရင်းသည်ကား ထိုထိုထိုသော အဖြစ်အပျက်များကြောင့်ဟု ဘယ်တုန်းကမှ တွေးထင်မထားခဲ့။

နောက်ဆုံးအနေနှင့် မျက်၀န်းထဲမှာ သွေးတွေသာ မြင်နေခဲ့သည်။ ဦးက သူ့လက်ထဲမှ လွတ်သွားပြီးနောက် သွေးတွေကသာ နေရာတိုင်းမှာ ပြန့်ကျဲနေခဲ့သည်။

တကယ်တော့ ထိုကားက သူတို့ကို ရပ်ပေးခဲ့သည် မဟုတ်ချေ။ စက်ချို့ယွင်း၍ နှေးသွားခဲ့ခြင်းသာ။ ဒါကို မသိ‌သလို ကိုယ့်ဇောနှင့်ကိုယ်မို့ သတိလည်း မထားမိသော သူတို့နှစ်ယောက်က တည့်တည့်မတ်မတ် တက်စီးဖြစ်လိုက်၏။

ထိုအခါ ဒရိုင်ဘာရော သူတို့ရော၏ ကံကြမ္မာဟာ နတ်ဆိုးတစ်ကောင်လက်ထဲမှာ ကျရောက်သွားရတော့သည်။ ပြတင်းပေါက်ဘက်မှာ ထိုင်နေကျ ဦး။ ဒရိုင်ဘာ မထိုင်သည့် ဘက်မှာမှ ထိုင်မိသော ဦး။ သူ ဖြစ်တာထက် အဆပေါင်းများစွာ ဦးမှာ ဖြစ်ခဲ့လောက်သည်။

အဆုံးအထိ၊ အဆုံးအထိ သူသည် ဦးကို ကာကွယ်နိုင်သော ယောက်ျားတစ်ယောက် မဟုတ်ခဲ့။ သူသာ ပုပ္ပားကို မလိုက်ခဲ့လျှင် ဒီလို အဖြစ်မျိုးတွေ ကြုံရမှာ မဟုတ်ခဲ့။ သူသာ ထိုတစ်နှစ်၊ နှစ်နှစ်ကို သည်းခံခဲ့လျှင် ယခုကဲ့သို့သော အဖြစ်မျိုး ဘယ်တော့မှ ကြုံလိမ့်မည် မဟုတ်ခဲ့။

"ကလင် ကလင် ကလင်"

ညကြီးသန်းခေါင်။ အချိန်မတော်မှ ထမြည်နေသော ဖုန်းသံက ကျယ်လောင်လွန်းသဖြင့် အခန်းတံခါးကို ဖွင့်ကာ လွမ်းမြတ်အောင် ဧည့်ခန်းထဲသို့ ထွက်လာခဲ့လိုက်သည်။

သို့သော် ဧည့်ခန်းထဲရောက်တော့ သူ့ထက် ဦးသော မေမေက ရောက်နေပြီး ကိုင်လိုက်သဖြင့် အိပ်ခန်းထဲ လှည့်၀င်ရန် ပြင်လိုက်၏။ အသိတစ်ယောက်ပဲ နေမည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now